၁၉၉၇ ခုနှစ် မိုးရာသီတစ်ရက်မှာ တရုတ်ပြည်ရဲ့ နာမည်ကြီးတဲ့မင်းသမီးတစ်ယောက်က မထင်မရှား နယ်မြို့လေးတစ်မြို့ရဲ့ ဆေးရုံမှာ တိတ်တဆိတ်မီးဖွားခဲ့တယ်။ တရုတ်ပြည်မှာသာမက အာရှတစ်လွှားမှာပါ နာမည်ကြီးခဲ့တဲ့သူမကို လက်ထပ်ချင်တဲ့ သူဌေးတွေ ဝိုင်းဝိုင်းလည်နေတာမဆန်းဘူး။
သူမရဲ့ရုပ်ရည်က ပြောရက်စရာမရှိအောင်လှသလို သရုပ်ဆောင်အရည်အချင်းဟာလည်း မွေးရာပါ ပါရမီတစ်ခုလို ထူးချွန်ပြောင်မြောက်လှတယ်။ ဘယ်သူဘယ်ဝါဆိုတာမေ့ထားချင်လောက်အောင် နာကျည်းမိတဲ့ လူတစ်ယောက်နဲ့ ကိုယ်ဝန်ကိုရတဲ့အချိန်မှာ သူမအကြိမ်ကြိမ် ဖျက်ချဖို့ ကြိုးစားပေမယ့် မအောင်မြင်ခဲ့ဘူး။
သြဂုတ်လ ၅ ရက်နေ့၊ ည ၈ နာရီ
သည်းကြီးမည်းကြီးရွာနေတဲ့ မိုးသံတွေနဲ့အပြိုင် အော်ငိုနိုင်တဲ့ ကလေးတစ်ယောက် လူ့လောကကြီးကို ရောက်ရှိလာခဲ့တယ်။ အထူးသဖြင့် မိခင်ဖြစ်သူက သူ့ကိုလက်ခံဖို့ အဆင်သင့်မဖြစ်သေးတဲ့အချိန်မှာ...။
"သတိရလာပြီလားအမ ယောကျ်ားလေးမွေးပါတယ်။"
"ပါပါရာဇီတွေရော...။ သူတို့ရိပ်မိသွားပြီလား"
"မမိပါဘူး၊ ကနေဒါကို အထွက်ပြထားတယ်၊ ဘယ်သူမှမသိဘူး"
လွန်ခဲ့တဲ့ ၆ လလောက်တည်းက အလုပ်တွေနားထားတဲ့ သူမကို သတင်းထောက်တွေ မသင်္ကာဖြစ်နေကြတာ လည်း တစ်ကယ်တော့ မဆန်းပါဘူး။
"လောလောဆယ်ကလေးကိုနို့တိုက်လိုက်ပါဦး"
"မတိုက်ချင်ဘူး၊ နို့ဘူးပဲဖြစ်ဖြစ်ဖျော်တိုက်လိုက်"
"အမ အဲ့လိုလုပ်လို့မရဘူးလေ၊ ကလေးကိုနို့ဦးရေတော့ ဝင်အောင်တိုက်ရမယ်"
သူနာပြုဆရာမလေးက ကလေးကိုချီထားရင်း မနေနိုင်တဲ့အဆုံးဝင်ပြောလိုက်ရတယ်။ ဒီတော့မှနို့စို့ရတဲ့ မွေးကင်းစကလေးလေးဟာ သူ့အမေကို မျက်တောင်မခတ်စိုက်ကြည့်နေရင်း အမေဖြစ်သူက နို့သိပ်မထွက်တော့ ကလေးကထပ် ငိုရပြန်တယ်။
ခနကြာတော့ သူနာပြုဆရာမလေးက နို့ဘူးကိုင်ပြီးဝင်လာတယ်။
"အဲ့တာနွားနို့လား"
YOU ARE READING
EVENING (Yizhan Story)
Fanfictionနေဝင်ချိန်တွေအတူရှိပြီး အိမ်ပြန်ချိန်တွေ အတူလျှောက်လည်ဖို့ နွေးထွေးတဲ့ လက်တစ်စုံက အံဝင်ခွင်ကျ ဆုပ်ကိုင်ထားဖို့ပဲ လိုအပ်ခဲ့တာပါ။ ကိုကိုနဲ့အတူ ဘဝရဲ့နေဝင်ချိန်တွေအထိ မိုင်ထောင်ချီခရီးနှင်ပါရစေ...။ ........................................... နေဝင်ချိန်...