အလွမ်းနဲ့ နာကျင်မှု အချိုးကျရောစပ်ထားတဲ့ နွေရာသီ...။
၃ လနီးပါးလောက်လုံးဝပြန်မရောက်ဖြစ်တဲ့ အိမ်ထဲဝင်ဖို့ အိမ်တံခါးသော့ကို ခြံထဲက ပန်းအိုးထဲနှိုက်ရတယ်။ ဒါ ရိပေါ်အိမ်ပြန်နောက်ကျရင် အဆူမခံရအောင် ရှောင်းကျန့်က သော့ကိုပုံတူပွားပြီး ဝှက်ပေးခဲ့တဲ့ နေရာလေးတစ်ခု..။
စာမလာ သတင်းမကြားတဲ့အပြင် ဘယ်လိုမှဆက်သွယ်မရတဲ့အဆုံး ရိပေါ်က အမေဖြစ်သူကို ပူဆာပြီး နယ်မြို့လေးက အိမ်ကိုအပြေးပြန်လာခဲ့တယ်။ အလာကောင်းပေမယ့် အခါနှောင်းတယ်ဆိုတဲ့ စကားက သူ့ကိုဆီးကြိုနေလေရဲ့...။
တကျွီကျွီ မြည်သံနဲ့အတူပွင့်သွားတဲ့ တံခါးမကြီးနောက်မှာ ပင့်ကူအိမ်တွေအထပ်ထပ်နဲ့ မှောင်မှိုင်းနေတဲ့ သူတို့အိမ်လေးဟာ နေထိုင်သူကင်းမဲ့လို့နေတယ်။
ဘယ်မှာလဲ သူ့ရဲ့ မိသားစုတွေ။
ဘယ်မှာလဲ သူသိပ်ချစ်တဲ့ ကိုကို..။
သူ့ကိုပစ်ချခဲ့တဲ့ ကိုကို...။
အိမ်ရောက်ရင် ကျွန်တော့်ကိုလွမ်းလား လို့မေးရမလား။ ဘာလို့ ရထားထွက်တဲ့အထိမစောင့်ပဲ ထွက်ပြေးတာလဲ လို့မေးရမလား။ ဒီတိုင်း နဖူးနဲ့ပြေးတိုက်ရင်ကောင်းမလား တွေးခဲ့တဲ့ အတွေးတွေက ကြက်ပျောက်ငှက်ပျောက်...။
ဘဝက မျက်လှည့်တစ်ခုလိုပဲ။ သူမသိလိုက်ခင်မှာ နှင်းဆီပန်းဟာ ဘဲငန်းဖြစ်သွားတယ်။
"သား"
"မာမား၊ ဒါဘယ်လိုဖြစ်တာလဲ၊ မေမေတို့ရော ဘယ်ရောက်သွားပြီလဲ"
"သား မာမားနဲ့ ခနလောက်လိုက်ခဲ့ပေးမလား"
သားအမိ နှစ်ယောက်တည်းမောင်းလာတဲ့ BMW ကားလေးက မြို့စွန်နားက သချိုင်းတစ်ခုမှာ ရပ်သွားတယ်။ သူရဲ့နားမလည်နိုင်တဲ့ မျက်ဝန်းတွေကို မာမားရဲ့ မျက်ရည်အပြည့်နဲ့ အကြည့်တွေက နှစ်သိမ့်တယ်။
မြွေလိမ်မြွေကောက်လမ်းလေးတွေနဲ့ မြေပုံမို့မို့လေးတွေ ဖြတ်သန်းပြီးတဲ့နောက်မှာ သူမမြင်ချင်ဆုံးအရာကို တွေ့လိုက်ရတယ်။ မေမေ နဲ့ ဖေဖေဟာ ဘေးချင်းကပ်ရပ်ရှိနေတယ်။ သက်ရှိလူသားတွေအနေနဲ့ မဟုတ်ပဲ မြေပုံနှစ်ခုအနေနဲ့...။
YOU ARE READING
EVENING (Yizhan Story)
Fanfictionနေဝင်ချိန်တွေအတူရှိပြီး အိမ်ပြန်ချိန်တွေ အတူလျှောက်လည်ဖို့ နွေးထွေးတဲ့ လက်တစ်စုံက အံဝင်ခွင်ကျ ဆုပ်ကိုင်ထားဖို့ပဲ လိုအပ်ခဲ့တာပါ။ ကိုကိုနဲ့အတူ ဘဝရဲ့နေဝင်ချိန်တွေအထိ မိုင်ထောင်ချီခရီးနှင်ပါရစေ...။ ........................................... နေဝင်ချိန်...