အနေအေးတဲ့ ရိပေါ်၊ စကားနည်းတဲ့ ရိပေါ်၊ Cool Guy ရိပေါ် ဆိုတဲ့ ဂုဏ်ပုဒ်တွေဟာ ရှောင်းကျန့်နဲ့ ပတ်သတ်ရင် အလိုလိုပြုတ်တယ်။ သည်နှစ်တွေအတွင်းသူဘယ်လိုကြိုးစားခဲ့တယ်ဆိုတာတွေ၊ ကျောင်းနေတုန်းက သူငယ်ချင်းတွေနဲ့ အလုပ်တွဲလုပ်ဖို့အစပျိုးနေတဲ့အကြောင်း၊ ရိုက်ကွင်းမှာ သေနတ်ကိုင်တုန်းက ဘယ်လို စသည်ဖြင့် ရေပက်မဝင်အောင်ပြောနေပေမယ့် ရိပေါ်က သူတို့ဝေးသွားပြီးတဲ့ အချိန်ကာလ တော်တော်များများ ကိုတော့ ချန်လှပ်ထားတယ်။
"ကိုကို ဘယ်တွေကိုငေးနေတာလဲ၊ ကျွန်တော် ညစာမှာလိုက်တော့မယ် ဘာစားချင်လဲ"
"မစားတော့ပါဘူး၊ ဒီကအစားအသောက်တွေက ဈေးကြီးမှာ မင်းပဲစား"
"ကျွန်တော်ဝယ်ကျွေးမယ်လေ"
"မင်း ပိုက်ဆံရှိတာ သိပါတယ်၊ ငါ ဗိုက်လည်းသိပ်မဆာလို့ပါ၊ လေယာဉ်ပေါ်မှာ စားလာသေးတယ်လေ"
"အဲ့ဒါဆိုလည်းပြီးရော၊ ကျွန်တော် ကားဆရာကို တစ်ခုခုဝယ်ခိုင်းလိုက်မယ်"
"ညဥ့်နက်နေပြီကို သူများကိုဒုက္ခမပေးနဲ့တော့ လေ"
"ပြီးရောဗျာ ပြီးရော"
နှုတ်ခမ်းတစ်ထော်ထော်နဲ့ မျက်နှာကိုစူပုပ်ထားတော့ မရှိတော့ဘူးထင်နေတဲ့ ပါးနှစ်ဖက်က လုံးတက်လာပြန်တယ်။ လောလောဆယ်ရိုက်နေတဲ့ ဇတ်ရုပ်ကြောင့် ရဲသားပုံစံ ညှပ်ထားခံရတဲ့ ဆံပင်ငုတ်စိလေးတွေက ရိပေါ်ရဲ့ ရှိရင်းစွဲအသက်ကို နောက်ပြန်ဆုတ်ပေးနေသလိုပဲ။
အနေတွေဝေးခဲ့ပေမယ့် ရိပေါ်ကသူ့အပေါ်လုံးဝစိမ်းကားမသွားဘူး။ တစ်ရက်မပျက် လွမ်းနေတာလို့ နာမည်တပ်ချင်ပေမယ့် လွမ်းရေးထက်ဝမ်းရေးခက်တဲ့ဘဝမှာ ရှောင်းကျန့်က ချေကုန်လက်ပမ်းကျတဲ့အထိ တစ်ယောက်တည်း ရုန်းကန်ခဲ့ရတော့ ရိပေါ်ကို အိမ်မက်ထဲ ထည့်မမက်နိုင်ခဲ့တာကြာပြီ။
အားရင်အားသလို ရိပေါ်ရဲ့ interview တွေဝင်, ဝင်ကြည့်နေတာကိုတော့ ဒီနေရာမှာထည့်မပြောတော့ဘူး။
"ရိပေါ်...."
"နာမည်ခေါ်ပြီးရင်လည်း စကားပြောလေဗျာ၊ ဒါနဲ့ဆို ၃ ကြိမ်ရှိပြီ ခေါ်နေတာ..."
YOU ARE READING
EVENING (Yizhan Story)
Fanficနေဝင်ချိန်တွေအတူရှိပြီး အိမ်ပြန်ချိန်တွေ အတူလျှောက်လည်ဖို့ နွေးထွေးတဲ့ လက်တစ်စုံက အံဝင်ခွင်ကျ ဆုပ်ကိုင်ထားဖို့ပဲ လိုအပ်ခဲ့တာပါ။ ကိုကိုနဲ့အတူ ဘဝရဲ့နေဝင်ချိန်တွေအထိ မိုင်ထောင်ချီခရီးနှင်ပါရစေ...။ ........................................... နေဝင်ချိန်...