삼비❽

524 84 18
                                    

အေးစက်စက်ခံစားချက်နှင့်သူမျက်စိပွင့်လာခဲ့သည် ။
စမ်းကြည့်မိတော့အဝတ်မကပ်နေသောခန္ဓာကိုယ်ကြောင့်နှာခေါင်းရှုံ့မိသည် ။
တစ်ယောက်ထဲ အိပ်ရပြီဆိုကတည်းက
လွတ်လပ်စွာ အဝတ်အစားတို့ဖယ်ခွာထားချင်သည့်
စိတ်ကြောင့် သူခန္ဓာကိုယ်ဟာ ဒီမနက်ခင်းမှာ နွေးထွေးမနေခြင်းသာ ။

ဒေါက်!!ဒေါက်!!

'ကလေး...နိုးပြီလား...'

အသံကနောက်မှာ လူကအရင်ရောက်လာပါသော
ဦးကြောင့် သူစောင်အား လည်ပင်းနားထိဆွဲကာ ထထိုင်မိလိုက်သည် ။ အနိစ္စ ဒုက္ခ အနတ္တ ဟေး...

'ဦး...'

ရှက်ရမ်းရမ်းပြီးအော်လိုက်ပေမယ့်အကြောင်းမသိသည့်ဦးက အနားသို့လျှောက်လာသည် ။

'အော်...ကိုယ့်မင်းသားလေးက...နိုးနေပြီပဲ...'

အလင်းရောင်မကူပါဘဲ သန့်ပြန့်ပြန့် ဦးကသာ သူ့မနက်ခင်းရဲ့အလင်းဓာတ် ဖြစ်နေခဲ့သည် ။ ဦးကိုကျွန်တော် ဘယ်လိုသဘောထားလဲဆိုတာ အတိအကျ မသိသေးပေမယ့်
သေချာသည်တစ်ခုက ဦးက ဖေဖေ့လိုမျိုး
ကျွန်တော့် မှတ်ဥာဏ်ထဲ တောက်ပနေခဲ့တာ...

'မွှေးနေတာပဲ...ဘာအနံ့လဲ...'

ဦးခြေလှမ်းတို့ရပ်သွားအောင် စကားစလိုက်မိသည် ။

'မှန်းကြည့်လေ...'

'တော့ပိုကီ...!'

'အင်း...'

'အရမ်းစားချင်နေပြီ...ဦးမြန်မြန်ပြင်ပေးထားနော်...'

သူသိတာပေါ့ ဒီအနံ့ကို ။တမင်သက်သက် အရိုးခံလုပ်ပြနေခြင်းသာ ။
အစားအသောက်ကို ရေခြားမြေခြားကနေတောင်
အနံ့ခံလို့ရနိုင်လောက်တဲ့ သူနှာခေါင်း၏ စွမ်းဆောင်ရည်အား သူချိုးနှိမ်ထားလိုက်သည် ။

လှည့်ကွက်သုံးကာ ဦးလာရာလမ်းအတိုင်း ပြန်လှည့်သွားစေသော ကိုယ့်ကိုကိုယ် ချီးကျူးမိလိုက်သည် ။
ဗရုတ်သုတ်ခတွေ ဖြစ်နေတာ ဦးမြင်သွားရင် လှောင်ရယ်မှာမို့ကိုယ်တိုင်လည်းရှက်ရဦးမည်မဟုတ်လား...

ဦးရဲ့ ကိုယ့်အကြိုက်ဟူသမျှ ဖန်တီးပေးနိုင်သော စွမ်းရည်ကိုလည်း ချီးကျူးရင်း
မနက်စာသုံးဆောင်ရသည်က အလွန်ပင်မိမိုက်သည် ။
.
.
.

3BDonde viven las historias. Descúbrelo ahora