နားထဲတရှပ်ရှပ်တိုးဝင်လာသော အသံလေးတစ်ခု
ကြောင့် မှိတ်ထားသော မျက်လုံးများက မပွင့်တပွင့်
ဖြစ်လာသည် ။
ဧည့်ခန်းကြမ်းပြင်ပေါ် ပိုးလိုးပက်လက် ဖြစ်နေသော
သူ့၏မျက်နှာရှေ့ရောက်လာသော နီနီရဲရဲလေးတွေ...
စတော်ဘယ်ရီမှတ်၍ ကြည့်နေတာ ဟိုပိစိရဲ့ခြေချောင်း
လေးတွေဖြစ်နေခဲ့သည် ။ဘဝတွေများကွာခြားချက်ကွာ
အသေးလေးတို့ ဘယ်လောက်ဆိုးဆိုး အကုန်လုံးက
ခွင့်လွှတ်ပေးကြသလို ၊ရန်ပွဲတွေပါပြီး ဘယ်လောက်
ကြမ်းကြမ်း ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းလေးတွေက
တော့ နူးညံ့နုဖက်နေမြဲ...
'တူတူအိပ်မယ်...'
'ဟင်...ဘာဖြစ်တယ်?'
ခြေလှမ်းတိုင်းလည်ပြန်လိုက်ကြည့်ရင်း အကဲဖြတ်နေ
ပါသော ဂျောင်ကုမျက်စိပြူးသွားအောင်ထိ သူ့ကို
ကြည့်ရင်းပြောလာသော အသေးလေးရဲ့ စကားတို့က
အင့်ခနဲ...
သူယောင်ရမ်းကာ ထအော်မေးလိုက်မိသည် ။
'တူတူအိပ်မယ်လို့...အစ်ကိုဟိုဆော့ကိုပြောတာလေ...
ခင်များက...ဘာထဖြစ်...'
တွေ့လား?သူလိုရာတောင် ဆွဲမတွေးရသေးဘူး
ပြန်အော်ခံလိုက်ရတာ အသံလေးက ခပ်စူးစူး...
'အေးလေ...ဂျောင်ကု မင်းကဘာဖြစ်နေတာလဲ?'
'ဘာမှမဖြစ်ပါဘူး...'
ဟိုဆော့ကပါ ထပြောတော့ သူကပဲအရူးအကြောင်
ကောင်ဖြစ်ရပြန်သည် ။မနေတတ်စွာ အိပ်နေရာမှ
ထထိုင်မိသည်ထိ ။
ခုနက ငါ့ကိုကြည့်ပြီးပြောနေတာမဟုတ်ဘူးလား?
မျက်နှာတစ်ခြမ်းလွှဲကာ အသံတိတ် တတွတ်တွတ်
ပြောနေသည့်ဂျောင်ကုပုံစံက သူငယ်ပြန်သူလိုလို...
ဒီကောင် ကျပ်လည်းမပြည့်ရှာပါဘူး ။
'အခန်းထဲမှာ အဆင်မပြေလို့လား...?'
'ဟင့်အင်း...တစ်ယောက်တည်း အိပ်မပျော်လို့
အစ်ကို ဟိုဆော့ အဆင်ပြေမလား...?'
'အစ်ကိုက ရပါတယ်...နေရာကျဉ်းတော့ ဂျီမင်းအဆင်
မပြေမှာပဲ စိုးတာ...'
'ဟုတ်...အဖော်ရှိမှ အိပ်လို့ပျော်မယ်ထင်လို့ပါ...'
သူစားနေကျ ထယ်ယောင်းလက်ရာမဟုတ်တော့
စားဝင်သင့်သလောက်မဝင်သည့် ထိုကောင်လေးအား
သူ့လက်ရာခပ်ညံ့ညံ့က မစွဲဆောင်နိုင်ခဲ့တော့ ဟိုဆော့
စိတ်ထဲမကောင်း ။ခုလည်း ရင်ခွင်နွေးနွေးကြီးကို
သူပဲ ထားပြစ်ခဲ့ပြီး ကျွန်တော်တို့တိုက်ခန်းကျဉ်းကျဉ်း
လေးထဲ အိပ်မပျော်ပါဘူးတဲ့ ။
ESTÁS LEYENDO
3B
Fanfiction'ဆောင်းတွင်းကြောင်ကြီးတွေကို သိလား ကလေးလေး...? လူသားစားတဲ့ အဲ့ကောင်ကြီးတွေရန်က ကာကွယ်ဖို့ ဦးရဲ့ရင်ခွင်မှာပဲ မင်းလုံခြုံမယ်...' 'ဆောင်းတွင်းကြောင်ကြီးတွေကို သိလား ကလေးလေး...? လူသားစားတဲ့ အဲ့ကောင်ကြီးတွေရန်က ကာကွယ်ဖို့ ဦးရဲ့ရင်ခွင်မှာပဲ မင်းလုံခြုံ...
