ဆေးလိပ်မသောက်ဖြစ်တာကြာပြီဖြစ်သောသူ...
ခုမနက်ခင်းချိန်ခါလောက်ဆို ရုံးစားပွဲပေါ်ရှိကွန်ပျုတာ၏
ကီးဘုတ်ခလုတ်များပေါ်၌ ပြေးလွှားနေရတတ်သော
လက်ချောင်းသွယ်များက စီးကရက်လိပ်ညှပ်ဖို့
တာဝန်ယူထားရသည် ။ဟိုဆော့အသိပေးအော်ပြောလိုက်ချင်ပါသည် ။
ခုပုံစံက ထယ်ယောင်းရဲ့ပုံစံ လုံးဝမဟုတ်ဘူးလို့...'ထယ်ယောင်းဘက်က...ဆုံးဖြတ်ချက်ချပြီးပြီလား?'
ပြတ်သားနေကျလူကို သူသတိပေးမေးခွန်းထုတ်လိုက်မိ
ပြန်ပြီပဲ ။ဂျီမင်းဆန္ဒဟာ ထယ်ယောင်းထမ်းဆောင်ပေး
မယ့် တာဝန်တွေမဟုတ်လား?'ကလေးကသေချာနေမှတော့...ကျွန်တော့်ဘက်ကလည်း
တွန့်ဆုတ်မနေပါဘူး...ပြီးတော့...ဟိုဆော့နဲ့ဆိုတော့...
စိတ်ချရတာပဲလေ...'ကျွန်တော်နဲ့မို့ စိတ်ချပါတယ်တဲ့လေ။
ကျွန်တော်နဲ့မို့လို့တဲ့...'အခု...ကျွန်တော်မေးချင်တာက...ဟိုဆော့အနေနဲ့...
အဆင်ပြေနိုင်မလားလို့ပါ'ဟိုဆော့...ဟိုဆော့...ဟိုဆော့ဆိုတာချည်းထပ်နေတဲ့
သူ့စကားတွေဟာ ခေါ်လို့ကောင်းတဲ့နာမည်ကြောင့်လား?
ကိုယ့်အား ပျော့ကွက်နင်း အမိန့်ပေးစေညွှန်နေသလား
ဆိုတာ မခန့်မှန်းတတ်သေး ။'အဆင်မပြေဘူးဆိုတာ...မရှိပါဘူး'
ဒီကဟိုဆော့ဆိုတဲ့လူရဲ့ ကမ္ဘာမှာတော့ ထယ်ယောင်းဖြစ်
ချင်တာ ဖြစ်ခွင့်ရှိလေတယ် ။'ဒါဆို...အကူအညီတောင်းပါတယ်...ကျွန်တော့အစား
ကလေးကို စောင့်ရှောက်ပေးပါ...ဟိုဆော့'ခေါင်းငြိမ့်ကာ လက်ခံမိသည် ။အမိန့်နာခံခြင်းတစ်မျိုး...
ဒါက ထယ်ယောင်းဆီမှ ခွဲထွက်ကာနေချင်နေတဲ့ ဂျီမင်း
အား ကျွန်တော်တို့တိုက်ခန်းတွင် ထားမည်ဖြစ်ကြောင်း
တိုင်ပင်ဖြစ်ကြခြင်း...
ဤဆွေးနွေးချက်တွေ ဘယ်လောက်ပင် အတည်ပြုပြီး
နေပါစေ သူ့ကလေးသာငြင်းမယ်ဆိုရင် လေလိုပြေလို
ပျက်ပြယ်သွားမည့် အစီအစဉ်တစ်ခုသာ...
.
.
.
🎶ရင်ထဲ တိုးဝင်လာခဲ့ပါ....

KAMU SEDANG MEMBACA
3B
Fiksi Penggemar'ဆောင်းတွင်းကြောင်ကြီးတွေကို သိလား ကလေးလေး...? လူသားစားတဲ့ အဲ့ကောင်ကြီးတွေရန်က ကာကွယ်ဖို့ ဦးရဲ့ရင်ခွင်မှာပဲ မင်းလုံခြုံမယ်...' 'ဆောင်းတွင်းကြောင်ကြီးတွေကို သိလား ကလေးလေး...? လူသားစားတဲ့ အဲ့ကောင်ကြီးတွေရန်က ကာကွယ်ဖို့ ဦးရဲ့ရင်ခွင်မှာပဲ မင်းလုံခြုံ...