တဂျစ်ဂျစ် မြည်သံနဲ့အတူ အလိုက်သင့်လှုပ်ရှား
နေသော လက်နှစ်ဖက်...
တစ်ဖက်က အရောင်ညစ်နေသော ဘောလုံး
အဝါရောင်လေးကိုင်လျက်ဆို နောက်တစ်ဖက်က
သွားပွတ်တံ အဟောင်းလေးကိုင်ကာ(ချေး)ဂျီးချွတ်
ပေးနေသည့်အဖေက တကယ် ကျွန်တော့်အတွက်
လိုတရ သူရဲကောင်းပင် ။'ဖေဖေ...လူတွေအားလုံးက...ဖေဖေ့လိုပဲလားဟင်...?'
'အဖေ့လိုမျိုး...ဟုတ်လား...?အဟား...မပြောတတ်ဘူးလေ...ဘာဖြစ်လို့တုန်း...သားလေးရ...'
'မဟုတ်ဘူးလေ...ဖေဖေကအကောင်းဆုံး...ဆိုတော့...
အဲ့လိုလူမျိုးတွေ...အများကြီးရှိမှ...ကောင်းမယ်မလား...?''ဖေဖေ...ကောင်းတယ်လား...သားလေး...?'
သားလေးက အနေအေးပေမယ့် အသိစိတ်ကြွယ်ဝ
သည်ထင် ။ပြောသမျှစကားလုံးတိုင်းမှာ အရွယ်နဲ့
မလိုက်အောင် ပညာပြနိုင်၏။ ကလေးအရွယ်မို့
နီးကပ် စုံမက်နေရသည့် ကိုယ်က သူ့အတွက်တော့
အတော်ပင် ကောင်းလွန်းတဲ့သူဖြစ်နေတော့
သူ့ဘဝမှာ ကိုယ်က အကောင်းဆုံးလူဖြစ်နေတာပဲ ။
မပြောတတ်ဘူး သားအတွက်တော့ အဖေက ထိပ်
တန်းကနေရပေမယ့် တကယ့်အပြင်လောကကြီးမှာ
ဖေ့ဖေ့လို အလယ်တန်းထိတောင်မရောက်နိုင်လိုက်တဲ့
လူအတွက် နေရာမပေးကြဘူး သားလေးရဲ့...
ဒီအဖေက သေလုမြောပါးဖြစ်နေလည်း သားလေးရှေ့
အလှဆုံးပြုံးပြပေးမယ်လေ ။'အင်း...ဖေဖေက အရမ်းတော်တယ်...သားလိုချင်တာ...အကုန်ပေးနိုင်တယ်လေ...ပြီးတော့...စိတ်ထားလည်းကောင်းသေးတာ...သားအတွက်တော့...ဖေဖေကပဲအကောင်းဆုံး...အတော်ဆုံး...သားဖေဖေ့ကို...
သိပ်ချစ်တယ်...'လက်မလေးတထောင်ထောင်နဲ့ သူ့အမေဆီကအမွေရထားတဲ့ နှုတ်ခမ်းလုံးလုံးလေးတွေလည်း ထုတ်ထား
သေးတာ ။သားလေးက အရမ်းချစ်ဖို့ကောင်းပြီး
တော်တယ် တတ်တယ် လိမ္မာတယ်...၁၀နှစ်သားအရွယ် ကျွန်တော့်အတွက် သင့်လျော်သော
၁၀ပေအကွာအဝေးတွင် ရောင်စုံသံဗူးလှလှတို့ကို
သစ်သားစားပွဲခုံအမြင့်ပေါ်၌ ပိရမစ်ပုံစံ စီတန်းထား
သည် ။အဖေ့လက်ထဲမှာတော့ ထိုသံဗူးတို့အား
အဝေးမှ လက်တည့်စန်းလှမ်းပစ်မည့် ကျွန်တော့်
အတွက် လုံလောက်အောင်အလေးချိန်ပါလှသည့်
အဝါရောင် ဘောလုံးလေးများ...
KAMU SEDANG MEMBACA
3B
Fiksi Penggemar'ဆောင်းတွင်းကြောင်ကြီးတွေကို သိလား ကလေးလေး...? လူသားစားတဲ့ အဲ့ကောင်ကြီးတွေရန်က ကာကွယ်ဖို့ ဦးရဲ့ရင်ခွင်မှာပဲ မင်းလုံခြုံမယ်...' 'ဆောင်းတွင်းကြောင်ကြီးတွေကို သိလား ကလေးလေး...? လူသားစားတဲ့ အဲ့ကောင်ကြီးတွေရန်က ကာကွယ်ဖို့ ဦးရဲ့ရင်ခွင်မှာပဲ မင်းလုံခြုံ...