삼비 ❹

673 106 18
                                        

အရက်စက်ဆုံးသော ပြစ်ဒဏ်....

-နတ်ဆိုးတို့သည်...
စက်ဆုပ်ဖွယ်သော မြင်ကွင်းအဖုံဖုံ...
သွေးအတိလွှမ်းတော့ သတ်ကွင်းလွင်ပြင်...
တစ်ပါးသူ၏ နာကျင်ပြမှု ခံရခက်မှုတို့ကို ပီတိယူ၍
အသက်ဆက်ကြသည် ။

ဤသို့ အနိဌာရုံတို့ဖြင့် ကျင့်သားရပျော်မွေ့နေတတ်
သော နတ်ဆိုးတို့ပင် တုန်လှုပ်စွာ မခံမရက်ဖစ်ကြရ
သည့် အဖြစ်အပျက်တစ်ခုက MELAS(မီလက်စ်)
ခေတ်တွင် ဖြစ်ပျက်ခဲ့သည် ။
နတ်ဆိုးစစ်သူတော် ဗီယန်နှင့် ဘုရင်မ ကယ့်လို့စ်တို့ထံ
သင့်ခဲ့သော နတ်ဆိုးဘုရင်၏ အပြစ်သင်းဒဏ်ပင် ။

နေရာမသိ စည်းကျော်ထိကာ ချစ်ကျွမ်းဝင်ခဲ့ကြသော
စစ်သူကြီးနှင့် ဒီဧကရီတို့အား ဘုရင်သခင်ကြီးမှ
အမျက်ထွက်ကာ အပြစ်ပေးသင့်သည်ကို တိုင်းပြည်
တစ်ခွင်က နတ်ဆိုးတို့ လက်ခံကြရ၏။
ကြီးလေးလှသော အယုတ်အညံ့လုပ်ရပ်တို့အား
အသက်သွင်း ရှေ့တိုးခဲ့ကြသည် မဟုတ်ပါကလား...

အနှောင်းမိဖုရားငယ်ပင် တစ်ဦးမထားဘဲ အရှင်မင်းက
သူမအပေါ်အား ကြီးမြတ်စွာ ချစ်မြတ်နိုးပေးသည်။
တခြားပြည်ထောင်တွေထက်သာကာ တစ်ဦးတည်း
သော ထိပ်ခေါင်ဧကရီဖြစ်ခွင့်ကို သူမပိုင်ဆိုင်ခွင့်ရခဲ့၏

တိုင်းပြည်၏မိခင်ဖြစ်သော်ငြား လွန်စွာဖြောင့်မတ်သည့် အရှင်မင်းမြတ်အပေါ် မတူမတန်သစ္စာမဲ့ခဲ့၏။
တစ်ဦးသည်လည်း အများလေးစားရသော ထိပ်တန်း
စစ်သူကြီးအဖြစ် ခံယူထိုက်သော်ငြား တိုင်းပြည်
သခင်အပေါ် မစောင့်သိစွာ ကျေးဇူးကန်းသည့်
တိတ်တခိုးဇာတ်တို့ ပေါက်ကြားခဲ့သည့် နေ့က
မိုးသားတိမ်ဆိုင်တို့ပင် မှိုင်းညှို့အမျက်ထွက်ကြသည်။

အချစ်ကြီးသည်နှင့်အမျှ အမျက်တော်ကပါ ကြီးလေး
သည်မို့ ပထဝီမြေထုပါတုန်ခါမြည်ဟီးလျက်
ချမှတ်ပြစ်ဒဏ်အောက် သတ္တဝါအစုံ ခေါင်မဖော်ဦးညွတ်ရပေ၏။

ကာမစိတ်ပြင်းကာ ၁၂ရာသီပတ်လုံး ဆာလောင်ပြင်းထန် နေတတ်သော မျောက်မျိုးနွယ်မက လူမကျ
သည့် မျောက်တစ်ပိုင်းလူတစ်ပိုင်း ဘိုနို အထီးတို့သာ
ပိတ်လှောင်ထားသော မြေအောက်လိုဏ်ဂူတစ်ခုတွင်
စစ်သူကြီးအား မည်သည့်အစွမ်းမျိုးနဲ့မှမဖြတ်နိုင်
သော ထာဝရနွယ်ကြိုးများဖြင့် မျက်လုံးသာဖော်
၍ ချုပ်နှောင်ထားသည် ။ ဆန့်ကျင်ဖက်စွာ
ဘုရင်မအား ချည်နှောင်မှုကင်းစွာထားထား၏။
သို့သော် လောကမြင်ကွင်းတို့နှင့်အဆက်ပြတ်ရန်
မျက်လုံးနှစ်ဖက်အား သွေးစိမ်းရှင်ရှင် ဖောက်ထုတ်
ထား၏။ ပဲ့တင်ထပ်သံ မကြားနိုင်အောင်ပါ ဘုရင့်
လက်စွဲတော် ဓားမြှောင်ရှည်၏ စူးချွန်ချွန်က နားစည်
ဖောက်ကာ အကန်းထား၏။ အကြားအမြင်မရှိသော်
ငြား ရမက်ကောင်တို့၏ ရယူမှုအောက် လူးလိမ့်တစ်
လှည့် ရုန်းကန်တစ်လှည့် ပတ်ပြေးတလှည့် သွေး
အလိမ်းလိမ်းခြယ်သော အဝတ်နတ္ထိ ချစ်ရသူ
မိန်းကလေး၏ မချိမဆန့်မြင်ကွင်းက မြင်နေရသူအဖို့
နှလုံးအိမ်တဆက်ဆက်တုန်ကာ သျှားမီးငရဲတမျှ
ပြင်းကာလောင်ကျွမ်းရသည် ။

3BOù les histoires vivent. Découvrez maintenant