삼비 ❸

745 117 26
                                    

ကားပေါ်မှ ခြေချလိုက်သည့်နှင့် ရောက်ရှိသွားသည့်နေ
ရာက ပြောင်လက်လက် ကြွေရည်စိမ်ကြမ်းပြင် ။
ကိုယ့်ပုံရိပ် ကိုယ်ပြန်မြင်ရတာကြောင့် တအံ့တဩငေး
ကြည့်နေတုန်း ခေါင်းပေါ်ရောက်လာသည့် လက်ဖဝါး
တစ်စုံနှင့်အတူ အရှေ့တည့်တည့်ကို ကြည့်ဖို့ပါ
မေးငေါ့ပြ ပြီးသား...နန်းတော်ကြီး...တောက်ပ
နေသော အိမ်မက်ဆန်ဆန် အဆောက်အအုံကြီး...
သိပါသည် ဒါက အိမ်ကြီးတစ်လုံးဆိုတာ...ဖေဖေ
လက်ညိုးညွှန်သမျှ သရေတကျ မှတ်သားထားခဲ့ဖူး
တဲ့ အိမ်ကြီးကြီးတွေလိုမျိုးဆိုတာ...
ကျွန်တော့်အတွက်တော့ နန်းတော်ကြီးဟုသာ
ယူဆချင်စရာ...

'ဒါ...ဦး...အိမ်လား...'

'အင်း...ဒါ...ကလေးရဲ့အိမ်...'

'မဟုတ်ဘူးလေ...သားမေးတာ...ဦးရဲ့အိမ်လားလို့...'

သူ့အိမ်လို့ပြောလိုက်တော့ ကိုယ့်ကိုနားကြားမှားတယ်
ထင်ပြီး ထပ်မေးလေသည် ။ချစ်မွှေးလေးအား
တစ်ချက်နမ်းကြူမိလိုက်သည် ။ဤသို့ နမ်းလိုက်
ခြင်းက ပထမဆုံးပင် ။ကိုယ်စည်းဖောက်မိပြီ ။
သို့သော် ဆက်တိုက်ဖောက်ရတော့မည် ။

'ဟား...ဟား...ဟုတ်ပါပြီ...ဒါ...ဦးရဲ့အိမ်...ပြီးတော့...ကလေးရဲ့...အိမ်ဆိုလည်း ဟုတ်တယ်...'

'တကယ်လား...ဟီး...ပျော်စရာကြီး....'

ပျော်စရာကြီးတဲ့...အပြင်ပိုင်းကြည့်ပြီး ကလေးအတွေးနဲ့ အလွယ်ပြောလိုက်မိတဲ့ ဤကလေးလေးက
ဒီအိမ်ထဲမှာ ပြီးတော့ ဒီလူသားရှေ့မှာ တစ်သက်လုံး
ပျော်ပြပေးနိုင်မှာလား...?ကြိတ်ကာတိတ်ကာ ချရတဲ့
သက်ပြင်းပေါင်းကလည်း ဟိုဆော့အတွက်မနည်းပင်။

တစ်ခါမှ မတစ်ခါဘူးတဲ့ အနံ့အရသာအစုံအလင်က
ဂျီမင်းအတွက် စွဲမက်စရာအတိ ။ငယ်သေးလို့လား
သို့တည်းမဟုတ် ဤကလေးလေးကတော့ ဤအရာ
တွေနဲ့သာ အံဝင်ဂွင်ကျနေနိုင်မည့်သူတစ်ဦး ဖြစ်
နေပေလို့လား...?မည်သူမှန်းတတ်မည်နည်း...

ကျယ်ဝန်းလှပေမယ့် ရှုပ်နေခြင်းမရှိတဲ့ ဦးရဲ့အိမ်က
ကျွန်တော်အတွက် အသွားအလာ မှတ်သားရ
လွယ်ကူနေသည် ။အခန်းအစုံ လိုက်ပြသည့်
ဦးက နောက်ဆုံးသောတစ်ခန်းကို အရေးအကြီးဆုံး
တစ်ခုဟုဆိုကာ ခေါ်ဆောင်လာသည် ။
ဝင်ဝင်ချင်းပင် ရေကြည်ကြည်ထည့်ကာ
အထဲမှာ အရုပ်မျိုးစုံနှင့် လှပနေသည့် ဖန်လုံးလေးများ...အရမ်းလှသည့် အရာလေးများကို...
ဖန်လုံးထဲ ထည့်သွင်းကာ အလှဆင်ထားသည်က
ကျွန်တော်လိုချင်ခဲ့သမျှ အကြောင်းအရင်းပင် ။

3BWhere stories live. Discover now