삼비❶❸

388 30 4
                                    

''ထယ်''

သူစိတ်ထဲကပဲ ခေါ်မိလိုက်ပါတယ် ။
ဘုရားစူး ကိုယ်တိတ်တခိုးပေးထားတဲ့နာမည်လေးနဲ့လိုက်
အောင် ရှေ့ကလူသားလေးကပြုမူနေခဲ့သည် ။
သီချင်းလေးဖွင့်ကာ ကိုယ်လုံးလေးတရမ်းရမ်းဖြင့်
ဝိုင်ပုလင်းကိုင်လျက်စည်းချက်လိုက်နေသည့် အရှေ့က
သူ့အလုပ်ရှင်လေးအား သူငြိမ်သက်တိတ်ဆိတ်စွာ
ကြည့်နေခဲ့မိသည် ။

Suitအပြည့်နဲ့ အမြဲတမ်းအလုပ်ရှုပ်နေတတ်သော
တင်းမာမာပုံစံက ကင်ထယ်ယောင်းဖြစ်ပြီး
ယခုလို freelanceအိမ်နေရင်းပုံစံလေးက 'ထယ်'ပါ။
ဖုန်းမကိုင်လို့ စိတ်အပူမီးထနေရတဲ့သူ ဒီလိုမြင်ကွင်း
လေးတွေ့တော့ အေးချမ်းသွားသလိုလိုပင် ။
အဆင်ပြေနေတာတွေ့ရတော့ အကဲပိုနေခဲ့မိတဲ့ကိုယ့်ကို
ကိုယ် ရီချင်မိသွားသည် ။
ဟိုဆော့တို့များ သရုပ်ပျက်ပြန်ပြီပေါ့...

'ဟင် ဟိုဆော့'

သူ့ကိုမြင်သွားတော့ ထိုလူသားလှုပ်ရှားမှုတို့ရပ်သွား၏
ပြုံးပြလိုက်ပြီး သူအနားကိုလျှောက်သွားလိုက်သည်
အထိ သူ့သူဌေးလေး လှမ်းကြည့်နေခဲ့သည် ။

'အဆင်ပြေရဲ့လားလို့ လာကြည့်တာ'

'သက်သာပါတယ် ဒီအချိန်ကြီးလာတာ
ဟိုဆော့တော့ ပြန်ရင်မှောင်ပြီနော်'

ခပ်ဟဟရီသည့်ဤမျက်နှာထားက ဂျီမင်းလေးမှလွဲ
အခြားသူမမြင်ဖူးနိုင်သော အရာ ။ထူးဆန်းနေခဲ့သည် ။

'ပျော်စရာကိစ္စရှိလို့လား ထယ်ယောင်း?'

သူမေးတော့ ထိုလူသားထပ်ရီပြန်သည် ။

'ဒီလိုပါပဲ ကျွန်တော်တွေးစရာ နဲနဲရှိနေလို့'

ဘာတွေတွေးလို့ ဘယ်ထိပျော်နေခဲ့လဲဆိုတာတော့
သူမေးခွင့်မရှိတဲ့ အတိုင်းအတာလေ ။

'ခေါင်းမူးတာကရော သက်သာသွားပြီလား ဘာစားပြီး
ပြီလဲ?'

'ဝိုင်'

'ဟင်'

ထယ်ယောင်းထပ်ရီပြန်သည် ။

'ဝိုင်သောက်မလို့ ဟိုဆော့ရောထိုင်လေ'

အယောင်ယောင်အမှားမှား သူထိုင်ပြီးကာမှပြန်ထရပ်
လိုက်ရသည် ။

You've reached the end of published parts.

⏰ Last updated: Feb 15, 2023 ⏰

Add this story to your Library to get notified about new parts!

3BWhere stories live. Discover now