삼비❶⓿

436 69 4
                                    

အရှေ့က မြင်နိုင်စွမ်းအဆုံးမဲ့ဖြစ်သော ခရမ်းရင့်ရောင်
ပန်းခင်းကြီးထဲ အဖြူရောင်ဖဲပိုးသားနဲ့ ကလေးငယ်ဟာ
ခုန်ပေါက်ပြေးလွှားနေတယ် ။သူ့ဆီလှည့်လာတဲ့ မျက်နှာ
နုနုမှာ ရူးသွပ်စေရာ အပြုံးလှလှတို့ ဆင်မြန်းထားတယ် ။
ဒါကိုသူကသဘောကျတယ်။ကလေးငယ်ထံ အနူးညံ့ဆုံး
ပြန်ပြုံးပြမိတယ်။

ထိုးစွမှုတစ်ခုနဲ့ ရင်ဘတ်ဆီက ဆစ်ခနဲခံစားချက်ကြောင့်
ငုံ့ကြည့်လေတော့ ရင်ဘတ်တွင်းကပန်းနုငွေရောင်တောက်
တောက် အလင်းတန်းဖြာထွက်လာသည် ။နာကျင်မှုမရှိဘဲ
ထိုးထွက်လာတဲ့ နွယ်ကြိုး၊နွယ်ခတ်၊ပန်းဖူးတွေဟာလည်း
ပန်းနုရောင်လှလှ ။

ခိုးခစ်ခစ်အသံငယ်ထံ သူပြန်လှမ်းကြည့်လေတော့
လိပ်ပြာလေးတွေကြား တက်ကြွမြူးတူးနေလျက်...
လှုပ်ရှားနေတဲ့ ကိုယ်ငယ်လေးဟာ ရုတ်တရက်ရပ်တန့်
သွားသည် ။အမြန်ရှာဖွေမိတော့ သူ့ချစ်ခြင်းသင်္ကေတနွယ်
ကြိုးတွေဟာ ခန္ဓာကိုယ်ငယ်လေးကို လှမ်း၍ ရစ်ပတ်
ချည်နှောင်ထားကြသည်တဲ့ ။ဟော...အချစ်နွယ်ရှင်တွေ
သူတို့ပိုင်ရှင်လေးကို သွားစနောက်ကြပြီပေါ့...
ချစ်တတ်ကြလေတဲ့ ဒီကြိုးနွယ်တွေကြား ကိုယ့်အသည်း
အသက်လေး လှုပ်ရှားယိမ်းနွဲ့နေပုံ မြင်ကွင်းက
ကဗျာဆန်လိုက်လေစွ ။

သို့သော် ကလေးငယ်၏ အပြုံးချိုချိုတို့ ပျောက်ကွယ်စ
ပြုနေပြီမှန်း သေချာကြည့်တော့ တွေ့မြင်နိုင်သည် ။
တခစ်ခစ် ရယ်မောသံသေးသေးလေးတွေအစား
ပြင်းထန်လာသော အသက်ရှုရှိုက်သံတို့သာ....
ရုန်းကန်မောပန်းလာတဲ့ အရိပ်ငယ်ဟာ ဒူးခွေထောက်
လျက် ကိုယ့်ထံမော့ကြည့်လာရဲ့ ။ လက်ငင်းဆန်စွာ
ပြောင်းလဲသွားမှုကို ငေးကြည့်နေမိတဲ့ကိုယ်ဟာလည်း
သူလေးအား ပြေးပွေ့ဖို့မေ့နေခဲ့သည် ။

ပန်းခင်းကြီးပျောက်ကွယ်သွားတယ် ။ နွယ်ခက်တွေမှာ
ဆူးချွန်တွေပါ ရောပါလို့ ။ နှစ်ယောက်သားကြား
ခြားသွားတဲ့ ကြားခံနယ်က ကလေးငယ်ကို အုပ်လှောင်
ထားသည့် လှောင်ချိုင့်အိမ်၏ သံကွန်ယက်တို့....

ယုတ်ချည်းအပြောင်းအလဲမြင်ကွင်းက သူ့ရင်ဝကို
ဆူးအောင့်နာကျင်စေ၏။ ပြေးထွေးချင်တဲ့ ကိုယ်၊လက်
အစုံဟာလည်း လှုပ်ရှားလို့ပင်မရ ။အော်ခေါ် အသံပေးဖို့
ကိုယ့်ကြိုးစားမှုကလည်း လည်ချောင်းဝ၌ တစ်စို့မွန်းကြပ်
လျက်....ငိုညည်းရုန်းကန်နေတဲ့ အရိပ်ကလေးနဲ့အပြိုင်
သူ့နှလုံးအိမ်ကလည်း လောင်မြိုက်ပေါက်ကွဲရသည် ။

3BDonde viven las historias. Descúbrelo ahora