삼비 ❺

720 112 26
                                        

ခြေလှမ်းတို့က သူမတူအောင်သွက်နေခဲ့သည် ။
အနုစိတ်လုပ်ရတာမျိုးတွေ စိတ်မရှည်တတ်သူပေမဲ့
ဦးကိုအံ့ဩဝမ်းသာစေချင်တဲ့ စိတ်တစ်ခုထဲနဲ့
ဖန်လုံးလှလှလေးအား ဖန်တီးဖြစ်ခြင်းပင် ။

စိတ်လှုပ်ရှားစွာ ခုန်ပေါက်ပြေးလာချင်သည့်
ခြေထောက်တို့အား ဂရုတစိုက် အသွားအလာ
ဆင်ခြင်ကာ လက်ထဲမှ ကိုယ်တိုင်လုပ် ပထမဆုံး
ဖန်လုံးလေးအား ထိန်းကိုင်လာခဲ့သည် ။
ကြည်နူးမှုနှင့် အပြုံးမပျက်စေရန်ကိုပါ ကျွန်တော့်
နှုတ်ခမ်းထက်၌ အတူဆင်မြန်းထားခြင်းက
ကျွန်တော့မျက်နှာပြုံးပြုံးလေးမြင်ရယုံနဲ့တင်
အသက်ဆက်ဖို့ အကြောင်းအရင်းလုံလောက်လှပြီ
ဟု မကြာခဏကြားနေရသော ဦးရဲ့ စကားများ
ကြောင့်ပင်... ဦး တစ်ယောက်အပေါ်တော့
ကျွန်တော်က ကြိုးကြိုးစားစား လိမ္မာပေးမှာမို့
ကျွန်တော့် ကျေးဇူးရှင် ဦး ထာဝရပျော်နိုင်ပါစေ...

ဦးဆီ ပြန်လာတော့ အခန်းထဲက စကားသံများ
ကြားရ၍ လုပ်ငန်းကိစ္စတွေ ဖြစ်မည်ဆိုးတာကြောင့်
အလိုက်တသိ အခန်းဝက ရပ်စောင့်နေလိုက်သည် ။
နှုတ်ဆက်သံများနဲ့ တံခါးပွင့်လာတာကြောင့် လှမ်းကြည့်လိုက်တော့ လမ်းနောက်ပြန်လျှောက်လာတဲ့
လူတစ်ယောက် ။ဝင်တိုက်မိမည်စိုး၍ တံခါးဘေးကပ်
ရပ်ကာ ရှောင်ပေးနေလိုက်မိသည် ။သို့သော်
ထိုကျောပြင်က ဂနာမငြိမ်စွာ စောင်းငမ်းလာတာ
ကြောင့် ဆန့်ကျင်ဘက်ကို ရှောင်ကြဉ်မည်အလုပ်
အခုထိရှေ့လှည့်မလျှောက်သေးဘဲ ရှောင်တဲ့ ဘက်ကိုပါ ရောက်လာပြီး သူ့ကိုယ်ထွားထွားဖြင့် ကျွန်တော်အား ဝင်တိုးသည် ။

ရှောင်ဖို့လုပ်တဲ့ ကျွန်တော်နဲ့
တည့်တည့်ဝင်တိုးတဲ့ အဲဒီ ကျောပြင်တို့
timingကိုက်စွာ တိုက်မိချိန် အမိအရဆုပ်ကိုင်ထား
သော်ငြား ကျွန်တော့်လက်ချောင်း ပုတိုတိုများ၏
အစဉ်မမှီမှုကြောင့် ဖန်းလုံးလေး
လက်မှ ချော်ထွက်သွားသည် ။စိတ်ထဲက မဖြစ်ဘူး
မကြားချင်ဘူးလို့ ရေရွတ်နေခဲ့ပေမယ့် ကြားလိုက်ရ
ပြီ ။ကျွန်တော့် snow globeလေးရဲ့ ကျကွဲသံလေး
အား အသေအချာ ကြားလိုက်ရသည် ။

'အား...သွားပြီ...မဖြစ်ဘူး....!!'

မျှော်လင့်ချက်မဲ့စွာ စိတ်ထဲကအတိုင်း နှုတ်မှ ထွက်
လာခြင်းပင် ။ကြမ်းခင်းပေါ်က ဖန်စဖန်နလေးတွေ
အား အသည်းအသန် ကုန်းကောက်မိရင်း
ရင်ထုမနာ ဒေါသတို့ ထောင်းခနဲထွက်ရသည် ။
ဒီလောက်ရှောင်တိမ်း ကာကွယ်နေခဲ့တာကို
တည့်တိုးဝင်လာတိုက်တဲ့ ဒီကျောပြင်အား
သူမကျေမနပ် မော့ကြည့်မိသည် ။

3BTempat cerita menjadi hidup. Temukan sekarang