ကျောင်းဝတ်စုံ အင်္ကျီက ဖြူထည်နေခြင်းမရှိတော့သလို ချောကလက်နှစ်တို့ကလည်း ဟိုဒီတစ်စက်စီ
အရောင်နွမ်းပုံပေါ်နေစေဖို့ ပံ့ပိုးထားလေသည် ။
အချိန်ပြည့်တောက်ပြောင်နေတတ်သူက ခုလိုမျိုး
သတိမမူစွာ ပေါင်မုန့်ချောင်းအား လက်ထဲဖြစ်ညှစ်ရင်း ကိုက်ချမိလိုက်တော့ ချောကလက်နှစ်တွေ စွန်းပေသည်ထိ ။မုန့်စားချိန်တုန်းက ဒီကောင် အတွေးများခဲ့
လို့ ယခုအခါ ပေရေညစ်တီးနေခြင်းပင် ။အစွန်းအကွက်တွေနှင့်အတူ ချွေးပြိုင်ပြိုင်ထွက်နေသည့် ကျောပြင်က နောက်ဆုံးစာသင်ချိန် မတတ်ဘဲ
ဘောလုံးကွင်းထဲ ပတ်ပြေးနေခဲ့သော ရလဒ်ပင် ။
ယခုလဲ လေးလေးပင်ပင် ဖြစ်နေပြန်သည့် ခြေလှမ်း
တွေနဲ့ သကောင့်သားက အရင်နေ့ရက်တွေနဲ့ ခြားနား
စွာ စိတ်ပျက်သည့် မျက်နှာထားပုံသွင်းထားလျက် ။
ယခုလို ငူငူငိုင်ငိုင်က သူ၏ ပုံစံအစစ်အမှန်မဟုတ် ။'ဟေး...မင်းဆီက...အနံ့ထွက်နေတယ်နော်...'
ကိုယ့်စကားကြောင့် ခပ်နွမ်းနွမ်းမျက်ဝန်းတစ်စုံက
မြေပြင်ပေါ်မှသည် ကိုယ့်ဆီအကြည့်ရောက်ရှိလာခဲ့
သည် ။
သူ့လည်ပင်းနားက အင်္ကျီစအား ဆွဲမကာနမ်းရှိုက်လျက် နောက်လက်တစ်ဖက်ကလည်း ချွေးစို့နေသော
နဖူးပြင်က ဆံနွယ်စတို့ကို သပ်တင်လိုက်ပြန်သည် ။'အင်း...'
ဒီအဖြေသံကလည်း ဂျီမင်းဆီမှ ထွက်လာသော
အသံဖျော့ဖျော့ပင် ။
အိုး ဂေါ့ရေ...ဒီကောင် စိတ်နဲ့လူနဲ့မကပ်ပါလား...
ရူးသွားပြီထင်တာပဲ ။'ဘာတုန်းဟ...မင်းဆီက...ဆေးလိပ်နံ့ထွက်နေတယ်
လို့...ပြောတာလေ...''အေး...အဲ့တော့ဘာဖြစ်လဲ...'
စကားကို ဘုဘောက်ပြန်ပြောလာပေမယ့် ကိုယ့်မှာ
သူ့ကို ပိတ်တီးဖို့ အချိန်မအား...ဒီကောင် စိတ်နဲ့လူနဲ့
မကပ်တော့ သတိပေးဖို့ အရေးအကြီးအဆုံးပင် ။
စေတနာနဲ့ သတိပေးတာတွေ ဘာတွေ ဒီအချိန်မှာ
သူသဘောပေါက်ဖို့တော့ သွေးလေးနေသေးတာမို့
စိတ်လျှော့ရသူက ယွန်းဂီကိုယ်တိုင်သာ...'ဟူး...ဘာဖြစ်ရမှာလဲ...မင်းအိမ်ကလာကြိုတော့မှာလေ...'
'ဟာ...ဒီနေ့က...သောကြာနေ့လေကွာ...'
YOU ARE READING
3B
Fanfiction'ဆောင်းတွင်းကြောင်ကြီးတွေကို သိလား ကလေးလေး...? လူသားစားတဲ့ အဲ့ကောင်ကြီးတွေရန်က ကာကွယ်ဖို့ ဦးရဲ့ရင်ခွင်မှာပဲ မင်းလုံခြုံမယ်...' 'ဆောင်းတွင်းကြောင်ကြီးတွေကို သိလား ကလေးလေး...? လူသားစားတဲ့ အဲ့ကောင်ကြီးတွေရန်က ကာကွယ်ဖို့ ဦးရဲ့ရင်ခွင်မှာပဲ မင်းလုံခြုံ...