삼비❼

559 93 23
                                    

လူခန္ဓာကိုယ်နှင့် လူစင်စစ်မို့ အချိန်မှန်နေရာမှန်
စားသောက်ရသည် ။ကိုယ်က ညစာစားချိန်တန်၍
လုပ်တတ်သလောက် ကင်ချီထမင်းသုပ်လေးလုပ်ကာ
စားနေရသော်လည်း အရှေ့ဘက်က ဒူးထောင်ပေါင်ကား အရုးတစ်ပိုင်းမှာတော့ ဝိုင်ပြင်းပြင်းတို့ဖြင့်သာ
နှစ်ပါးသွား ရစ်ထွေးနေလျက်ရှိသည် ။

'မင်းရဲ့...ဂြိုလ်သားလေးက...ရိုင်းလိုက်တာကွာ...'

ရီဝေဝေရစ်ထုတ်အသံဖြင့် ထပြောလာသော
အရက်သမားကောင်၏ စကားအား သူစားနေရင်း
တန်းလန်းအရှိန်ပျက်သွားသည်မို့ မော့ကြည့်လိုက်
သော်လည်း မျက်ခုံးတို့ကြုံ့မိလျက် ။

ရူးရူးမူးမူးနဲ့ စကားတွေကပါ အရူးဆန်နေပြန်တော့ ဟိုဆော့နားမလည်ရပြန် ။

'ဘာကြီး...?ငါရဲ့ဂြိုလ်သားက...ဘယ်သူတုန်းဟ...'

'ဟိုဟာလေးလေကွာ...ဒီနေ့...သွားကြိုရတာ...
အဆင်မပြေလိုက်တာ...'

အပြောအဆိုမတတ်ပုံက ဂျီမင်းလေးကိုများ
ဂြိုလ်သား တဲ့...

'ရှီး...ဒီကောင်တော့...ပါးစပ်ကိုဆင်ခြင်ပါဆိုနေမှ...
ဘယ်လိုတွေပြောနေတာတုန်း...ထယ်ယောင်းနဲ့
တွေ့တော့မှာပဲမင်းတော့...'

'ဟား...ငါတို့နှစ်ယောက်ထဲရှိတာ...မင်းပြန်မပြောရင်...ဘယ်သူမှမသိနိုင်တာကို...'

'တော်ကွာ...ကြိုပြောထားမယ်...အခေါ်အဝေါ်တွေ...
ဆင်ခြင်ထားတော့...တစ်ခါတည်း...စကားမမှားအောင်လေ့ကျင့်ထားကွ...ပြီးတော့ငါ့ကိုလည်း...ရိုင်းရိုင်း
စိုင်းစိုင်းဆက်ဆံတာတွေ...တော်လိုက်တော့...'

'ချီး...ဘာတွေတုန်း...'

ပြောနေရင်း မဆင်မခြင်ထရိုင်းပြန်သည့် အကောင်အား ပြောလေကဲလေဆိုသည့် ပုံစံမျိုးဖြင့် အလယ်မှ
စားပွဲဝိုင်းကျော်ကာ ဇာတ်ပိုးအုပ်မည့်ဟန်ရွယ်လိုက်
သည့်လက်ကြောင့် ဇာတ်ပုကာ လိပ်ရုပ်ဖြင့်
ရှောင်တခင်သိုင်း ကျင့်နေပြန်သည် ။

'ဟာ...ပြောနေရက်နဲ့...ထဖောက်တာကွာ...ငါမင်းထက်၇နှစ်လောက်ကြီးတယ်နော်...ဟိုဆော့လို့ခေါ်ရင်ခေါ်
...မဟုတ်လဲ...အစ်ကိုပေါ့...'

3BWhere stories live. Discover now