ကြမ်းပြင်ထက်အပ်ကာ ခန္ဓာကိုယ်မှာ ပျော့ခွေနေရုံမက
လူမမြင်နိုင်လေသော စိတ်အတွင်းခံစားချက်တို့ကလည်း
ယိုင်နဲ့နဲ့သာ...ဘယ်လိုဖြစ်သွားမှာလဲ?
သူတို့ကြားထားရှိတဲ့ မေတ္တာဖြူဖြူတွေက ဦးမေမေရဲ့
စကားတွေကြောင့် ဘယ်လိုဖြစ်သွားရပြီလဲ?
ဖေဖေဆုံးပြီးကတည်းက သွေးသားမတော်စပ်သူ
တစ်ဦးတည်းသော ခင်တွယ်ရရာ ဦးကိုသာသူကပ်တွယ်
၍ ကြီးပြင်းလာခဲ့သည်ကမှန်ပေမယ့် ဖြူစင်မှုသာ
သူတို့ကြား ကြီးစိုးခဲ့သည် ။ မိဘမဲ့ တည်းဟူသော...
ထိုစကားမှန်ကန်ပေမယ့် ဦးရဲ့မေတ္တာရိပ်အောက်
သူတစ်ခါမျှ အထီးကျန်သည့် ရင်ခွင်မဲ့ခံစားချက်မျိုး
မဝင်ခဲ့တာကြောင့် အဝင်ရိုင်းသည့် စကားလုံးသာ ။ယခုစိတ်ထဲ ပြင်းထန်နေသော ထိုးလုံးစကားကို
ဖော်ပြပါဆိုလျင် 'ပိုင်းလုံး'ဟူသော မကြားဝံ့သည့်
အခေါ်အဝေါ်သာ ။ သူရဲ့ နေပုံထိုင်ပုံတွေ မှားနေခဲ့ပြီထင်။
လူအထင်မှားစရာဖြစ်အောင် သူ့အပြုအမူတွေက
ကျေးဇူးရှင်ဦးအား ကပ်ချွဲနေကာ မရိုးမသားခြူစားပုံ
ပေါက်ခဲ့လေသလား?ရူးချင်ပါသည် ။ ဦးအား သိက္ခာချ၍ ကျေးဇူးဆပ်နိုင်ခဲ့လို့
ကိုယ့်ကိုကိုယ် အားမရဖြစ်ကာ ရူး၍ပျောက်ကွယ်သွားချင်
ပါသည် ။ထိကိုင်ပွတ်သပ်နေမိသော နှင်းဖန်လုံးလေး၏
မျက်နှာပြင်လိုမျိုးတော့ သူ့ဘဝက အေးစက်ချောမွေ့
မနေခဲ့ပေ ။မွန်းကြပ်တဲ့ အခြေအနေသို့ရောက်တဲ့အခါ သူအားကိုးရာ
နေရာက တစ်ခုတည်းသာ ။ဆံဖျားမှခြေထိပ်ထိပုံရိပ်ပြည့်
ထင်ဟပ်ရာ မှန်ရှေ့ သူဆိုက်ဆိုက်မြိုက်မြိုက်ရပ်နေခဲ့၏။*ဒီငွေမှင်ရောင် ဆံသားတွေက လူများအမြင်မှာ သူ့အား
အခိုအကပ် ပိုင်းလုံးရုပ်ပေါက်နေစေသလား ?*
*နည်းနည်းလေး ဝမ်းနည်းရတာနဲ့ ချက်ချင်းအရည်စို့ကာ
မျက်ရည်တို့ဝဲတက်လာတတ်သော မျက်လုံးရဲရဲတွေက
သူ့ရဲ့ပျော့ညံ့မှု သဏ္ဍန်ကို ထောက်ပြလေသလား?*
*နားကွင်း နားကပ် ဤအဆင်တန်ဆာတွေကရော
သူပုံစံကို ခြူဆီဇာတ်သွင်းလေသလား?*
*ဝတ်ထားတဲ့ ရှပ်ပွပွ ဘောင်းဘီတိုတိုတွေကရော....*

STAI LEGGENDO
3B
Fanfiction'ဆောင်းတွင်းကြောင်ကြီးတွေကို သိလား ကလေးလေး...? လူသားစားတဲ့ အဲ့ကောင်ကြီးတွေရန်က ကာကွယ်ဖို့ ဦးရဲ့ရင်ခွင်မှာပဲ မင်းလုံခြုံမယ်...' 'ဆောင်းတွင်းကြောင်ကြီးတွေကို သိလား ကလေးလေး...? လူသားစားတဲ့ အဲ့ကောင်ကြီးတွေရန်က ကာကွယ်ဖို့ ဦးရဲ့ရင်ခွင်မှာပဲ မင်းလုံခြုံ...