အရူးကောင်တဲ့ဗျာ....
ပိုင်ဆိုင်လိုခြင်းမှာ လောဘနည်းနည်းထူမိတဲ့အခါ
ကျွန်တော့်စိတ်က အလျင်စလို ဖြစ်မိတယ် ။
ဒါကို သူတို့က စိတ္တဇ အရာသွင်းကြတယ် ။မရူးပါဘူး ချစ်တတ်တာ...
အရမ်းချစ်ဖို့ကောင်းလို့ အရမ်းချစ်မိတာ ။
သိုလှောင်ပုံ သိမ်းသွင်းနည်းမတတ်တော့
ကျွန်တော့် အချစ်တွေကို အတ္တလို့မြင်ကြတာပဲ...
လှတဲ့အရာလေးတွေကိုကြိုက်တယ် ပိုင်ဆိုင်ချင်သလို
သိမ်းဆည်းထားချင်မိတဲ့ စိတ်ကို ကျွန်တော်ထိန်းနိုင်တဲ့တစ်နေ့ ကျွန်တော့်ဘဝမှာ လွယ်ကူစွာ လိုရာရမလား?မျက်လွှာနှစ်ခုဖွင့်လှပ်ချင်းချင်းပင် မျက်နှာကြက်ပေါ်
ထင်ဟပ်လာသည့် အရာတစ်ခုက နူးအိညက်ညောလှ
သည့် ပါမို့ဖောင်းဖောင်း ကလေးငယ်...
ကျွန်တော့် တမ်းတခြင်းမှာ အစွဲတွေပါတယ် ။
ဤချစ်မွှေးလေးကိုတော့ ကျွန်တော်မဆုံးရှုံးချင်ပါ ။
ပြင်ဆင်ရမည့် အလေ့အထတစ်ချို့ကို ဤကလေး
ငယ်ကပင် မိမိအား အသိစိတ်ထည့်ပေးခဲ့သည်
ဆိုမလား...?
စိတ်ချပါ ကလေးအပေါ်တော့ ကိုယ်လှောင်ချိုင့်
မသုံးဘူး ။ချို့ယွင်းချက်ရှိပေမယ့် နေ့စဉ်လုပ်ငန်းဆောင်တာ
တွေအပေါ် တိကျပြတ်သားတဲ့ ဤလူငယ်ဟာ
တည်ငြိမ်မှုနဲ့အပြိုင်အောင်မြင်ပြီးသား...
အင်း...ခက်တယ်...ချစ်တတ်တာကိုလည်း ချို့ယွင်း
ချက်ဟု အမည်တပ်လို့မရ ။'ထယ်ယောင်းက...ဒီနေ့အစောကြီး...ပြင်ဆင်ပြီးနေတာလား...?'
အချိန်အပိုလိုမရှိ ပြင်ဆင်ပြီးတဲ့သူက လှေကားထစ်
တို့ကို စည်းချက်ကျကျ လှမ်းနေရင်းမှ ဟိုဆော့အမေး
ကို ထောက်ခံသဘောပြု ခေါင်းငြိမ့်ပြလေသည် ။
နားရက်ဖြစ်နေပေမယ့် တာဝန်ထမ်းဆောင်ရန်
အိမ်ရောက်နေသော ဟိုဆော့ကို သူတွေဝေဝေကြည့်
ကာ မျက်နှာချင်းဆိုင်မှ ဆိုဖာပေါ် ထိုင်လိုက်သည်။'ဟိုဆော့ကရော...ဒီနေ့မနားဘူးလား...?'
'အင်း...အရင်ပိတ်ရက်တွေတုန်းကဆို...နားလို့ရပေမယ့်...ခုကျတော့...မတူဘူးလေ...'
'ဘာလို့လဲ...ကျွန်တော်ကြောင့်လား...?'
'ထယ်ယောင်းကြောင့်ရယ်လို့တော့...မပြောပါဘူး...'

YOU ARE READING
3B
Fanfiction'ဆောင်းတွင်းကြောင်ကြီးတွေကို သိလား ကလေးလေး...? လူသားစားတဲ့ အဲ့ကောင်ကြီးတွေရန်က ကာကွယ်ဖို့ ဦးရဲ့ရင်ခွင်မှာပဲ မင်းလုံခြုံမယ်...' 'ဆောင်းတွင်းကြောင်ကြီးတွေကို သိလား ကလေးလေး...? လူသားစားတဲ့ အဲ့ကောင်ကြီးတွေရန်က ကာကွယ်ဖို့ ဦးရဲ့ရင်ခွင်မှာပဲ မင်းလုံခြုံ...