(Unicode Version)
"မောနင်း မြတ်နိုးရာလေး"
ဒါဟာနေ့စဥ်မနက်ခင်းတိုင်း ထယ်ယောင်းထံမှ ကြားရတဲ့စကားချိုသံတစ်ခု။ နေရောင်ခြည်စူးစူးတို့က မျက်နှာထက်ဖြာကျနေတာကြောင့် အတင်းကို အားတင်းကာဖွင့်ယူနေရသော မျက်လုံးနှစ်လုံးသည် လေးတွဲနေဆဲပင်။
"ထတော့လေ.."
မိမိပါးမို့မို့အား အသာအယာဆွဲညစ်ရင်း အိပ်ရာလာနှိုးနေသူသည် ကင်မ်ထယ်ယောင်းမှ ဟုတ်ပါလေစ။ နေ့တစ်နေ့ရဲ့အစကို အခုလိုချစ်ရသူနဲ့နိုးထရတာလောက် ကြည်နူးစရာကောင်းတာ ဘယ်ရှိမလဲလေ။ တကယ်ဆို မိမိအားထယ်ယောင်းခိုးပြေးပြီးနောက်ပိုင်း နေ့ရက်တိုင်းက အခုလို နိုးထရတာဆိုပေမယ့် ဒီနေ့ကတော့ ခံစားချက်ကမတူ..။ ရုတ်တရက်ပေါ်လာသော ပတ်ထရစ်ဆိုတဲ့ ပြင်သစ်ကောင်ကြောင့် အရင်လိုလိမ်ညာထားတဲ့မိမိ၏ ခံစားချက်များသည် မနေ့ညက ရုတ်ချည်းပွင့်ထွက်လာသည်မို့ ထယ်ယောင်းအပေါ် မိမိမည်မျှချစ်သည်ကို ကိုယ်တိုင်ရင်ထဲကနေ နက်နက်နဲနဲခံစားမိလာသည်။ ရင်ထဲက ကြည်နူးစိတ်ကြောင့် မျက်နှာကပြုံးရိပ်သန်းလာတော့ ထယ်ယောင်းသည် ဂျီမင်းကို အသည်းယားလာသည်မို့ ပါးနှစ်ဖက်ကို ဆွဲညစ်လိုက်ကာ နှုတ်ခမ်းကို ဆူထော်လာစေပြီးနောက် မိမိနှုတ်ခမ်းဖြင့် ထိကပ်လိုက်ပြီး အနမ်းဖွဖွကို ပေးဖြစ်သည်။
"ညကအကြောင်းတွေ
စဥ်းစားပြီးပြုံးနေတာလား အသေးလေး.."ညကအကြောင်း.. ညကအကြောင်း.. ဘုရားရေ...
ယမန်နေ့ညက ငိုယိုကာ အိပ်ပျော်သွားလေသူ ဂျီမင်းသည် မိုးလင်းသည်နှင့် ညကအဖြစ်ကို ပြန်တွေးမိပြီး မျက်နှာကြီးရဲတက်လာကာ ချက်ချင်းပင် ထယ်ယောင်းကို တွန်းထုတ်ကာအိပ်ရာပေါ်မှဆင်းပြေးပြီး ရေချိုးခန်းထဲဝင်ရတော့သည်။ ယောကျာ်းလေးတန်မဲ့ ငိုယိုပြီး ထယ်ယောင်းကိုမည်မျှချစ်ကြောင်း မည်မျှသဝန်တိုကြောင်း သူပြောခဲ့သည်မဟုတ်လား..။ စိတ်ထဲတွင် ဘာကြောင့်ရယ်မှန်းမသိ ရှက်လာသလိုလိုဖြစ်လာသည်မို့ လက်နှစ်ဖက်ဖြင့် မျက်နှာကို အုပ်မိုးလိုက်ကာ ရေချိုးခန်းထဲတွင်ပင် အားရပါးရ အော်ဟစ်လိုက်မိသည်။ ကုတင်ပေါ်တွင် ကျန်ခဲ့သူထယ်ယောင်းကတော့ ရယ်လျက်။
![](https://img.wattpad.com/cover/215239474-288-k8804.jpg)
YOU ARE READING
Love Bites ||kth:pjm|| (Hiatus)
Fanfictionmy own creation hope you guy will enjoy it ♡ fic cover by - dalumii