Episode - 11

2K 353 40
                                    

(Unicode Version)

" ကင်မ်ထယ်ယောင်း ငါ့လက်ကို လွှတ်ဆိုနေ.."

မနီးမဝေးမှာ ရပ်ထားသည့်
ကားနားကိုရောက်တော့ သူကိုယ်တိုင်လည်း
ခွန်အားရှိသည့်ယောကျာ်းသားပေမို့
ထယ်ယောင်းလက်ထဲမှ ရုန်းထွက်လိုက်ပြီး
နာနေသော ကိုယ့်လက်ကိုယ် ပြန်ကိုင်ကာ
မျက်မှောင်ကို ကြုံထားမိသည်။

" အခုချက်ချင်းကားထဲဝင်.. "

ဆောင့်တွန်းခံလိုက်ရပြီးနောက်
ကားထဲရောက်သွားသော ဂျီမင်းသည်
မောင်းသူနေရာတွင် ဝင်ထိုင်လာသော
ထယ်ယောင်းဘက်ကို ကျောပေးပြီး
ပြတင်းပေါက်သို့သာ မျက်နှာမူနေလိုက်သည်။
ကားငယ်သည် ထိုနေရာမှာပင် ရပ်ထားဆဲ။

" မင်း အဲ့မိန်းမကို အဲ့လောက်တောင်
စွဲလမ်းနေလား.. "

" ဘာ?? "

" အဲ့မိန်းမကို အဲ့လောက်ထိတောင်မှပဲ
မစွန့်လွှတ်နိုင်တွေ ဖြစ်နေတာလားလို့.."

"ကင်မ်ထယ်ယောင်း.!
မင်းမဟုတ်တာတွေ မပြောနဲ့ "

"ဘာ?မဟုတ်တာတွေ ဟုတ်လား?
ငါ့မျက်လုံးနှစ်လုံးနဲ့ မင်းတို့နှစ်ယောက်က
လမ်းလယ်ခေါင်မှာဖက်နေတာကို
မြင်ခဲ့ရတာတောင် မဟုတ်တာတွေဆိုပြီး
ငြင်းချင်သေးတာလား.."

ဒေါသတကြီးဖြင့် ပြောနေသော
ထယ်ယောင်းစိတ်ကို သူနားလည်ပါသည်။
သို့ပေမယ့် မိမိဘက်က ရိုးသားသည်မို့
အခုလိုစွတ်စွဲပြောနေတာမျိုးကို သည်းမခံနိုင်ပါ။

" ကင်မ်ထယ်ယောင်း..
မင်းအထင်လွဲနေတာ.. အဲ့တာ..
မင်းထင်နေတဲ့သဘောမျိုးမဟုတ်ဘူး..
ငါတို့က ရိုးသားတယ် "

" ဘာလဲ.. အာ့ဆို မင်းက
ရိုးသားလွန်းလို့ လမ်းလယ်ခေါင်မှာ
မိန်းမတစ်ယောက်နဲ့ဖက်နေတာလား.."

" ကင်မ်ထယ်ယောင်း..!!
မင်းစကားက ငါ့သိက္ခာကို စော်ကားနေပြီနော်"

ဂျီမင်းက အော်ကာပြောမိတော့
ထယ်ယောင်းက မိမိခေါင်းထက်တွင်
သပ်ရပ်စွာ လှန်တင်ဖြီးထားသော
ဆံနွယ်များကို အကြမ်းပတမ်းဆွဲဖွလိုက်ပြီးနောက်
ဂျီမင်းအတွက် ထိုင်ခုံခါးပတ်ကို တပ်ပေးလိုက်ပြီး
ထိုနောက် မိမိထိုင်ခုံခါးပတ်ကိုပါ တပ်လိုက်ကာ
ကားကို အရှိန်တင်ကာ အကြမ်းပတမ်း
မောင်းနှင်ရန် ပြင်တော့လေသည်။
မည်မျှပင် စိတ်တိုနေစေကာမူ
ဂျီမင်းအတွက် အန္တရာယ်ကင်းအောင်
လုပ်ပေးဖို့ကိုတော့ ခေါင်းထဲမှာ 
နံပါတ်တစ်အနေနဲ့ ထားရှိနေသည်။
ကား၏ဦးတည်ရာသည်
မိဘများရှိနေသည့်အိမ်ကိုမဟုတ်။
ဂျီမင်းတစ်ခါမှမမြင်ဖူးသည့်
ကွန်ဒိုတစ်ခုဆီသို့။
ကားပါကင်တွင် ကားကိုအရှိန်ပြင်းစွာ
draftဆွဲ၍ ရပ်တန့်လိုက်ပြီးနောက်
ဂျီမင်း၏လက်ကောက်ဝတ်ကို မြဲမြံစွာကိုင်ကာ
အခန်းဆီသို့သာ လျှောက်လှမ်းလာလေသည်။
နောက်တွင်ပါလာသော သူသည်
မည်သို့မည်ပုံဖြစ်နေမည်ကို သူမသိပေမယ့်
ဂျီမင်းသည် လက်ကောက်ဝတ်ထံမှ
နာကျင်မှုကြောင့် လက်ကိုလွှတ်ပေးရန်
အော်ဟစ်နေလေသည်။
ကျောင်းရှေ့မှာတုန်းကထက် ပို၍ကျစ်လစ်စွာ
ဆုပ်ကိုင်ထားသည်မို့ ဂျီမင်းလည်း မရုန်းနိုင်တော့။
ထိုအပြင် တစ်ခါမှမရောက်ဖူးသည့်
နေရာစိမ်းဖြစ်သည်မို့ ကြောက်လန့်မှုကလည်း
အနည်းနဲ့အများတော့ ရှိနေသည်။

Love Bites ||kth:pjm|| (Hiatus)Where stories live. Discover now