Episode - 2

3.3K 541 41
                                    

[Unicode Version]

၂၀၁၀ခုနှစ်၊ မတ်လ ၆ရက်။ (past)

စားပွဲပေါ်တွင် စီရီစွာတင်ထားသော စတော်ဘယ်ရီနို့ဘူး
အနီရောင် ၄ဘူးအနက် ၂ဘူးအားကောက်ယူကာ
လွယ်အိတ်ထဲထိုးထည့်လိုက်သည်။ ကျန်သည့်၂ဘူးမှ
တစ်ဘူးကို ယူလိုက်ပြီး ချက်ချင်းပင်ဖောက်ကာ
သောက်ရန်ပြင်တော့ ခါးထောက်ကာ လှမ်းကြည့်နေသော
မေမေ့ကြောင့် သွားအဖြီးရယ်ပြလိုက်ပြီး
အသာငယ်ပြန်ချလိုက်ရသည်။

" အမလေး.. ဖောက်ပြီးသားကို ပြန်မချထားနဲ့
ကုန်အောင်သောက်.. လွယ်အိတ်ထဲက ၂ဘူးကိုသာ
Taehyungကို ပေးလိုက်.."

" ဟာ မေမေ! အာ့ဆိုသားကတစ်ဘူးပဲရတော့မှာပေါ့.. "

" စားပွဲပေါ်က ၁ဘူးရယ် ဖောက်ထားတာရယ်
သောက်လိုက်.. လွယ်အိတ်ထဲကဘူးတွေကို
Taehyungကို ပေး.. ဒါပဲ အထွန့်မတက်နဲ့.."

နှုတ်ခမ်းတတောင်လောက်ဆူထွက်လာသော
jiminကိုကြည့်ပြီး Taehyungထရယ်မိမတက်ပင်။
သို့တိုင် မိမိ၏တည်တံ့သည့်မျက်နှာထားကို ထိန်းထားပြီး
Jiminနှင့် အန်တီလေးရှိရာဆီသို့ တစ်လှမ်းချင်း
လျှောက်လာလိုက်သည်။

" အန်တီလေး..သားတို့သွားတော့မယ်.."

ကျောင်းသွားခါနီးတိုင်း လူကြီးတွေကို နှုတ်ဆက်ရမည်ဟု
မိဘများမှ မှာထားသောကြောင့် Taehyungရော jiminပါ
မပျက်မကွက် နှုတ်ဆက်တက်ကြသည်။

မိမိတို့နှစ်ဦး ခြံချင်းကပ်ရပ်နေသည့်အချိန်မှစ၍
ကျောင်းလည်းအတူတူတက်ရပြီး သွားအတူ၊လာအတူ
အမြဲတပူးပူးတွဲတွဲပင်။ သို့တိုင် Taehyungသည်
Jiminအား နည်းနည်းလေးမှ ကောင်းကောင်းမွန်မွန်
မဆက်ဆံ..။ အမြဲလိုလိုတစ်ကျီကျီကိုက်နေပြီး
မတည့်အတူနေ ဆိုသလိုမျိုးပင်။ တစ်ခါတစ်ရံ
ဘာမဟုတ်တာလေးနဲ့တင် ရန်ဖြစ်တက်သေးသည်။

" ဂရုစိုက်ပြီးသွားကြဦး..
စက်ဘီးကို လမ်းဘေးကပ်နင်းနော်.."

"ဟုတ်..."

နှစ်ယောက်သား မိဘများအား နှုတ်ဆက်ပြီးသည်နှင့်
အိမ်ကထွက်လာပြီး ကျောင်းသွားဖို့ပြင်တော့သည်။
အိမ်မှာထွက်လျှင်အမြဲတစေ taehyungမှ jiminအား
စက်ဘီးတင်နင်းသည့် အနေအထားမှာရှိပေမယ့်
အိမ်နဲ့ခပ်ဝေးဝေးရောက်တိုင်း စက်ဘီးနင်းရသူမှာ
Jiminပင်..။

Love Bites ||kth:pjm|| (Hiatus)Where stories live. Discover now