(Unicode Version)
"အဲ့တော့ပြန်မလာတော့ဘူးပေါ့"
"...."
" ဘာရယ်.. အပြီးပြောင်းမလို့??"
"......"
"အေးအေး အဆင်ပြေရင်ပြီးရော..
ဒီမှာလူကြီးတွေကို
ကြည့်ပြောထားလိုက်မယ်.."-တီ-
ဖုန်းချလိုက်သည်နှင့် ဂျီအွန်းသည်
ပြောရခက်နေသည့် မျက်နှာထားဖြင့်သာ
စိတ်ပူနေသော လူကြီးများဘက်သို့ လှည့်ပြီး" ဂျီမင်းနဲ့ ထယ်ယောင်းက
ဒီညပြန်မလာတော့ဘူးတဲ့.."" ဟမ်? ဘယ်သွားကြလို့
ပြန်မလာရတာလဲ "" ဘယ်မှမသွားပါဘူး..
ဆိုးလ်မှာပဲ ရှိတယ်.. ဒါပေမယ့်
ထယ်ယောင်းက ဂျီမင်းကို
ကျောင်းဝင်ကြိုရင်း သူဝယ်ထားတဲ့
ကွန်ဒိုကိုပဲ ခေါ်သွားတယ်တဲ့..
ဟိုမှာပဲ ဆက်နေတော့မယ်နဲ့တူတယ်..
သဘောက ဟို..လေ..
နှစ်ယောက်က အိမ်ခွဲနေမလို့တဲ့.. "စကားဆုံးသည်နှင့်
စိတ်ကြီးသောဂျီမင်းမေမေသည်
ခေါင်းကိုဖိကိုင်ရင်း ထိုနေရာတွင်
လဲကျလုမတက်..။
အကုန်ဝိုင်းထူမ ပေးပြီးမှ
ဆိုဖာထက်တွင် ပြန်ထိုင်စေသည်။
ထိုနောက် ဂျီမင်းမေမေကပင်.." ငါ့သားကို သူ့စိတ်တိုင်းကျ
လုပ်ချင်တိုင်းကို လုပ်နေတော့တာပဲ.. "ထယ်ယောင်းရဲ့ဖခင်မှာမျက်နှာပျက်လျက်။
သို့တိုင် ထယ်ယောင်းမိခင်ဖြစ်သူမှာတော့.." ဒီမှာ အစ်မ..
စကားကို ဆင်ခြင်ပြော..
ဘယ်သူမှလည်း
အခုလိုတွေမဖြစ်စေချင်ဘူး.."" နှစ်ယောက်လုံးတော်ကြတော့..!!"
ဂျီမင်းဖခင်ထံမှ ဟိန်းဟောက်သံထွက်လာတော့
အကုန်လုံးတိတ်ဆိတ်သွားကြသည်။
တစ်ဆက်တည်းမှာပင် ဂျီမင်းဖခင်က.."ဖြစ်ပြီးတာက ဖြစ်ပြီးပြီ..
အခုမှအပိုတွေ ပြောလည်း ဘာမှမထူးဘူး
သူတို့နှစ်ယောက်ဘာသာ
နေချင်ရင်လည်း နေပစေ..
ဒီမှာဆို ကလေးနှစ်ယောက်လည်း
လွတ်လပ်မှာမဟုတ်ဘူး.."အကုန်လုံးသည် ဂျီမင်းဖခင်၏
စကားကို လက်ခံကြရသည်။
ထယ်ယောင်းဖခင်သည်လည်း
ခေါင်းတငြိမ့်ငြိမ့်ဖြင့်သာ..။
သို့သော် ဂျီမင်းမိခင်သည်
တစ်ခုသော စကားကိုဆို၍
အခန်းထဲ ခြေဆောင့်ကာ
ဝင်သွားလေသည်။
![](https://img.wattpad.com/cover/215239474-288-k8804.jpg)
YOU ARE READING
Love Bites ||kth:pjm|| (Hiatus)
Fanficmy own creation hope you guy will enjoy it ♡ fic cover by - dalumii