Episode - 5

3.2K 477 44
                                    

[Unicode Version]

၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ ။

အထက်တန်းဒုတိယနှစ်အရွယ်ကို
ရာထူးတက်သွားသော jiminသည်
မိမိထက်အငယ်လေးများကို မြင်သည်နှင့်
မြှောက်ကြွမြှောက်ကြွဖြင့် ဆရာကြီးလုပ်နေတက်သည်။
စာတော်သော စံပြကျောင်းသားလည်းဖြစ်သည်မို့
ဆရာအချစ်ခံရပြီး စော်ကြည်သော
ကောင်ချောလေးလည်းဖြစ်လာတော့ အများမှာ
အားကျလျက်။ သို့တိုင် နောက်ကွယ်တွင်..

" Kim Taehyung !!
မင်းအိမ်စာတွေ ငါဆက်မရေးနိုင်တော့ဘူး!!!"

ရွဲ့စောင်းနေသော မျက်မှန်ကိုပင့်တင်ရင်း
အာခေါင်ခြစ်အော်တော့ taehyungက
တစ်ချက်လှည့်ကြည့်ပြီးမှ ဆော့လက်စ
pc game screenကိုပြန်မျက်နှာမူလိုက်ပြီး

" ငါမအားဘူးလေ..
မင်းပဲ ငါ့သူငယ်ချင်းဖြစ်ချင်တယ်ဆို?
ဆက်ရေးလေ  "

" မင်းပဲတစ်လစာရေးပေးရင်
သူငယ်ချင်းလုပ်မယ်ဆို..
အခု ၂လတောင်ဖြစ်တော့မယ်.."

အမြဲအနိုင်ယူသောtaehyungသည်
Jimin၏ဆူပုတ်ပုတ်မျက်နှာထားကို
သူအကြိုက်ဆုံးဖြစ်သည်မို့ ပြောသမျှကို
ရယ်ရင်းသာ နားထောင်လျက်။
ထိုနောက် pcအား စက်ပိတ်လိုက်ပြီးသည်နှင့်
စားပွဲပေါ်ခေါင်းမှောက်နေသော
ဂျီမင်း၏ခေါင်းထက်က ဆံနွယ်နုနုတို့အား
ဆွဲဖွလိုက်ပြီး...

" ငါ့ကို သူငယ်ချင်းတော်ရမှာ
စိတ်ညစ်နေပြီလား.. "

တဖြည်းဖြည်းမော့ကြည့်လာသော
Jiminသည် ပြာပြာသလဲဖြင့် ခေါင်းကိုခါယမ်းပြီး

" မင်းငါ့ကို သူငယ်ချင်းလို့
သတ်မှတ်တဲ့အထိ ကြိုးစားမှာ.."

Taehyungသည် ခပ်ရေးရေးသာ
ပြုံးလိုက်ပြီး..

" ငါမင်းနဲ့ သူငယ်ချင်းမဖြစ်ချင်ဘူး...
.
.
ဒါပေမယ့် နှလုံးသားကိုလည်းမလွန်ဆန်နိုင်သလို..
မင်းကိုလည်း မဆုံးရှုံးချင်တာမို့လို့
ငါသူငယ်ချင်းလို့ သတ်မှတ်ပါတယ်.."

ထိုအခါမှ ဝင်းလဲ့လာသော မျက်ဝန်းတို့သည်
ရုတ်ချည်းပင် ငိုလုမတက်ဖြစ်နေသည်မို့
Taehyungသည် လန့်ဖျတ်သွားကာ..

" ဟိတ် ဟိတ်.. မငိုနဲ့လေ.. "

ပြောကာမှ ပိုဆိုးသွားပြီး
အော်ငိုရင်း အောက်ထပ်ဆင်းသွားသော
Jiminသည် taehyung၏ ဖေဖေနှင့်မေမေကို
ပြေးဖက်ပြီး..

Love Bites ||kth:pjm|| (Hiatus)Where stories live. Discover now