[Unicode Version]
၂၀၁၂ခုနှစ်၊ ဇူလိုင် ၁၇ ။
Jiminဘူဆန်မှထွက်လာပြီး taehyungတို့နှင့်
လာနေသည်မှာ ၂နှစ်စွန်းစွန်းခန့်...။တဖွဲဖွဲကျဆင်းနေသောမိုးတို့သည် မနက်မိုးသောက်ယံအချိန်တည်းကပင် ယခုတိုင်မတိတ်သေးဘဲရှိရာ စိတ်ထဲတွင် တော်တော်ဘဝမကျဖြစ်လှသည်။ လမ်းသွားသည့်အခါတိုင်း
ခံစားရသည့် စိုထိုင်းထိုင်းခံစားချက်သည် အတော်ပင်
စိတ်ရှုပ်စရာပင်။ ကျောင်းဆင်းချိန်အထိ မတိတ်သေးသည်မို့
လွယ်အိတ်ထဲက မိုးကာကိုထုတ်ကာဝတ်ဆင်လိုက်ပြီး
ပြေးရန်အပြု အမိုးအောက်တွင် ထီးမပါ၍ တစ်ယောက်တည်းရပ်နေသော jiminကိုမြင်လိုက်တော့
မျက်ခုံးတို့က အလိုလိုကျုံသွားပြီး စိတ်ရှပ်သွားရပြန်သည်။
မိမိအားဘာမှမလုပ်ပေမယ့်လည်း မြင်နေရရုံနဲ့တင်
စိတ်အနှောက်အယှက်ပေးနိုင်လွန်းသော jiminအား
ဘာကြောင့်ရယ်မှန်းမသိ အမြင်မကြည်ဖြစ်နေသည်မို့
မမြင်ချင်ယောင်ဆောင်ကာ ပြန်ရန်လုပ်တော့
ခပ်သင်းသင်းမွှေးရနံ့ကို ပိုင်ဆိုင်ထားသည့်
မိန်းကလေးသည် မိမိဘေးမှဖြတ်ကာ
Jiminထံသို့ ပြေး၍ ထီးလှမ်းပေးသည်။
Jiminက အားနာနာဖြင့်ငြင်းနေသော်လည်း
ထိုမိန်းကလေးမှာ ထီးနှစ်လက်ကိုမြှောက်ပြပြီး
တစ်လက်ကိုအတင်းလှမ်းပေးနေသည်မို့ နှစ်ယောက်လုံးအား
ကြည့်မရဖြစ်လာကာ... မိုးကာကို လွယ်အိတ်ထဲ
ပြန်ခေါက်သိမ်းပြီး ထိုနှစ်ဦးထံလျှောက်လာကာ
ထီးတစ်ချောင်းအား လုယူလိုက်သည်။" ဟဲ့.. နင်ဘာလုပ်တာလဲ "
" ထီးယူလိုက်တာလေ.. မမြင်ဘူးလား.. "
" ပြန်ပေး.. နင်နဲ့မဆိုင်ဘူး.. ငါjiminကို ပေးတာ.."
ကောင်မလေးသည် စိတ်တိုသွားဟန်။
"Jiminမိုးမမိစေနဲ့နော်.. ငါသွားတော့မယ်.. တာ့တာ.."
Taehyungလက်ထဲမှထီးကို jiminလက်ထဲ
ပြန်ထည့်လိုက်၍ နှုတ်ဆက်ကာ..ကျန်သည့်ထီးကို
ဖွင့်ဆောင်းပြီး ခြေဆောင့်ပြန်သွားတော့သည်။ထိုမိန်းကလေးထွက်သွားတော့မှ taehyungသည်
ထီးကိုပြန်လုပြီး တစ်ဦးတည်းဆောင်းကာ
အရှေ့မှ ကော့တော့ကော့တော့ထွက်သွားတော့
jiminသည်ဒေါသထွက်လာတော့သည်။

YOU ARE READING
Love Bites ||kth:pjm|| (Hiatus)
Fanficmy own creation hope you guy will enjoy it ♡ fic cover by - dalumii