(Unicode Version)
ထုပ်ပိုးပြင်ဆင်ထားသော ပစ္စည်းများနှင့် အဝတ်များကို ကြည့် ခပ်ယဲ့ယဲ့တစ်ချက် ပြုံးလိုက်မိသည်။ မကြာခင် ထွက်သွားရ တော့မှာမို့လို့ ခွဲခွာရမည့်တစ်နှစ်ကျော်အတွင်း တွေ့ခွင့်ရဖို့ ဘယ်လိုနည်းနဲ့မှမဖြစ်နိုင်။ ဖုန်းတောင် ဆက်ဖြစ်ရင်ကံကောင်း ဟုတွေးရင်း သက်ပြင်းသာ ချနေမိတော့သည်။
" ဂျီမင်း.. သွားတော့မလား.."
ခပ်သွက်သွက်ခေါင်းငြိမ့်လိုက်ပြီးသည်နှင့် အထုတ်များကိုသယ်ကာ အောက်ဆင်းလာလိုက်ပြီး ကားပေါ်သို့အစီအရင်တင်ရသည်။ မျက်နှာလုံးဝမကောင်းသော ထယ်ယောင်းကို မြင်ရသည်မှာလည်း စိတ်မချမ်းသာလှ..။
" မင်းမျက်နှာကြီးကို
အဲ့လိုပဲလုပ်နေတော့မှာလား..
မသွားခင်လေး ခရီးထွက်,ပျော်ချင်လို့ပါဆို"ညည်းညည်းညူညူပြောတော့ ထယ်ယောင်းက ကားနောက်ဖုံးကို ပိတ်ချလိုက်ရင်း မိမိအနားသို့လျှောက်လာသည်။ ထိုနောက် ကားပေါ်မှီထောက်ထားသည့် လက်ကိုဆွဲယူလိုက်ပြီး ပါးပြင်နှင့်ကပ်ကာ...
" မင်းမရှိရင် ငါလွမ်းပြီး ကျန်ခဲ့ရတော့မှာပဲ.."
" ၅နှစ်လောက်မတွေ့ဘဲနေခဲ့သေးတာပဲ..
၁နှစ်ခွဲက မပြောပလောက်ပါဘူး.."ထယ်ယောင်းက မည်သည့်စကားမှ ပြန်မဆိုဘဲ နာနာကျင်ကျင် ဟက်ခနဲတစ်ချက်သာရယ်ရင်း မောင်းသူနေရာဘက်သို့ လျှောက်သွားကာ ကားပေါ်တက်လိုက်တော့ ဂျီမင်းမှာလည်း ချက်ချင်းပင် နံဘေးနေရာသို့ ဝင်ထိုင်ရသည်။
အရယ်အပြုံးမရှိ မျက်နှာတည်တင်းလျက် ကားမောင်းနေသူသည် ဂျီမင်း၏စကားကို အလိုမကျဖြစ်နေမှန်းသူသိပါသည်။ ဒီလိုမျိုးပြောတယ်ဆိုတာကလည်း ထယ်ယောင်းဆီက တီတီတာတာစကားတွေကို ကြားချင်လို့ သူပြောလိုက်မိတာ။ အခုလို တိတ်ဆိတ်သွားလိမ့်မယ်လို့ တကယ်မထင်ခဲ့ဘူး။
သက်ပြင်းသာချရင်း ထယ်ယောင်းမောင်းနှင့်သည့်နောက်ကိုသာ လိုက်လာခဲ့လေတော့သည်။ဘူဆန်ကိုရောက်တော့ ဂျီမင်း၏ မိဘအိမ်မှာပဲ တည်းဖြစ်သည်မို့ ထိုအိမ်မှာပင် ပစ္စည်းများနေရာချပြီးသည့်တိုင် ထယ်ယောင်းသည် မိမိအား စကားပြောမလာသေးပေ။
YOU ARE READING
Love Bites ||kth:pjm|| (Hiatus)
Fanficmy own creation hope you guy will enjoy it ♡ fic cover by - dalumii