Episode - 13

1.8K 280 29
                                    

(Unicode Version)

လွန်ခဲ့သော သုံးနှစ် ( ၂၀၁၆) ။

USတွင်နေခဲ့သည့် ငါးနှစ်အတွင်းမှာမှ နှစ်စပိုင်းနှစ်နှစ်တွင် ပတ်ထရစ်သည် ထယ်ယောင်းအတွက် သူငယ်ချင်းကောင်းအဖြစ် ရှိနေခဲ့ပါသည်။ မိဘမျိုးရိုးစဥ်ဆက် အနုပညာလုပ်ငန်းဖြင့် အောင်မြင်လာသော မိသားစုမှ မွေးဖွားလာသော ပတ်ထရစ်သည် ပြင်သစ်မော်ဒယ်ပေါက်စဟု ဆိုရပေမည်။ အနည်းငယ် နာမည်ရှိသည်။ ကော့ညွှန့်နေသည်မျက်တောင်စိတ်စိတ်နှင့် ခပ်သွယ်သွယ်ပုံသဏ္ဌာန်ရှိသည့် ပတ်ထရစ်သည် အရပ်သာ ရှည်မနေလျှင် မိန်းကလေးဟုပင် ထင်မှတ်မှားလောက်ဖွယ်ရာပင်။  ဂျီမင်းကလွဲပြီး ခေါင်းထဲမထည့်သည့် ထယ်ယောင်းလိုလူသားအဖို့ ပတ်ထရစ်က တစ်ဦးတည်းသော မိတ်ဆွေအဖြစ် ဖြစ်တည်လာခဲ့ပေမယ့် မလိုလားအပ်သော စိတ်ခံစားချက်ပြသနာတို့ကြောင့် နှစ်ဦးသား အခြေအနေမှာ ကတောက်ကဆတ်ဖြစ်လာခဲ့သည်။ မိမိအပေါ်ခံစားချက်ရှိနေပါသည်ဟု ဖွင့်ပြောလာသည့်တိုင် ထယ်ယောင်းဘက်က ယဥ်ယဥ်ကျေးကျေးပင် ငြင်းဆန်ခဲ့ပေမယ့် ဇွတ်တရွတ်ဆန်သော ပတ်ထရစ်ကတော့ မည်သို့မျှပဲ လက်မခံနိုင်ဘဲ တုံ့ပြန်စကားတစ်ချို့ကို ဆိုလာသည်။

" မင်းလည်း ငါ့ကို သဘောကျနေလို့
အခုလို တွဲသွားတွဲလားလုပ်နေတာ
မဟုတ်ဘူးလား ယောင်း...
မင်း ငါ့ကိုမငြင်းသင့်ဘူး..."

" မင်းက ငါ့အတွက်နှစ်ယောက်မရှိတဲ့
သူငယ်ချင်းပဲ ပတ်ထရစ်...
ဒီ့ထက်မပိုဘူး... ပြီးတော့.. "

"...."

ပတ်ထရစ်သည် ထယ်ယောင်းဆီမှ ထပ်မံထွက်ပေါ်လာမည့် စကားကို စောင့်မျှော်နေဟန်။

" ပြီးတော့ ငါ့မှာချစ်နေတဲ့သူရှိတယ်..
ငါ့တစ်ဘဝလုံးအတွက် ရည်ရွယ်ထားတဲ့အထိ.."

" တော်တော့ ယောင်း..
ငါမကြားချင်တော့ဘူး...
မင်းလျှောက်ပြောနေတာ..
မင်းငါ့ကို ပုံခုံးဖက်ခဲ့တာတွေ
ငါ့လက်ကို နူးနူးညံ့ညံ့ကိုင်တွယ်ခဲ့တာတွေ..
အဲ့တာတွေက ဘာသဘောတွေလဲ ယောင်း"

" ယောကျ်ားလေးနှစ်ယောက်က
ပုခုံးဖက်လက်ကိုင်တာ ဘာဆန်းလို့လဲ
နူးနူးညံ့ညံ့ကိုင်တာကလည်း
အဲ့တုန်းက ptချိန်မှာ
မင်းချော်လဲတုန်းက ဒဏ်ရာရနေလို့
ဆေးထည့် ပေးခဲ့တာပဲရှိတယ်..
မရူးစမ်းနဲ့ ပတ်ထရစ်..
မင်းဘာသာ မဟုတ်ကဟုတ်ကတွေ တွေးနေတာ
ငါ့ဘက်က ပုံမှန်ပဲ.."

Love Bites ||kth:pjm|| (Hiatus)Where stories live. Discover now