Episode - 16

1.7K 235 18
                                    

(Unicode Version)

"ဒီနေ့လာမကြိုဖြစ်လောက်တော့ဘူးထင်တယ်
ရုံးကညနေပါတီရှိတယ်ဆိုပြီး smsပို့လာလို့"

ကျောင်းရှေ့သို့ကားရပ်လိုက်သည်နှင့် ဖုန်းကိုကြည့်ရင်း ထယ်ယောင်းထံမှ ထွက်လာသည့် စကား။ မျက်နှာကို ကြည့်လိုက်တော့ မသွားချင်သည့်ပုံပင်။ ဖုန်းကိုယူစစ်လိုက်တော့ ထယ်ယောင်းနှင့်စီပွားရေးအတူစပ်လုပ်သည့် ဂျပန်လုပ်ငန်းရှင်ဘက်မှ စီစဥ်သည့်ပွဲဆိုတော့ ဂျီမင်းလည်း မတားချင်တော့။

" သွားလိုက်ပါ.. အရေးကြီးတာပဲကို"

" မင်းကို ဘယ်သူလာကြိုမှာလဲ.."

"ငါက ကလေးလား...
ကိုယ့်ဘာသာ ပြန်မှာပေါ့"

"ကလေးမဟုတ်လို့ ပိုပြီးတော့ကို
အနားမှာကပ်နေချင်တာ.."

ကင်မ်ထယ်ယောင်းသည် ဂျီမင်းနဲ့အတူရှိနေလျှင် တစ်ခါတစ်ခါ ထိုသို့သော ကလူ၏သို့မြူ၏သို့ စကားမျိုးကို ပြောပြန်သည်။ ဂျီမင်းသည် မျက်မှောင်ကြုံကာ ကြည့်လိုက်ပြီး..

"မင်းမရှိတုန်းကလည်း
စက်ဘီးတစ်စီးနဲ့ဖြစ်ဖြစ် busနဲ့ဖြစ်ဖြစ်
ဒီလိုပဲ သွားလာနေကျ..
အခုလည်း အပြန်busနဲ့ပြန်လိုက်လို့ရတယ်"

"အခုက မင်းမှာ ငါရှိတယ်လေ"

"......"

" ကင်မ်ထယ်.. သွားတော့..
ငါကျောင်းထဲဝင်တော့မယ်..."

ဂျီမင်းသည် ခပ်ပြတ်ပြတ်သာ ပြောပြီး ကားပေါ်က ဆင်းလာလိုက်သည်။ မဟုတ်ရင် ကင်မ်ထယ်ယောင်းရဲ့စကားတွေကြား သူရုန်းထွက်နိုင်မှာမဟုတ်ဘူး..။

" စိတ်ဖြောင့်ဖြောင့်နဲ့ ပါတီကိုသွား..
ငါအိမ်ပြန်ရောက်တာနဲ့ မင်းကို စာပို့လိုက်မယ်"

ထယ်ယောင်းသည် ခေါင်းအသာငြိမ်ပြီးမှ..

"ဒီနားခနလာဦး.."

ကားထဲကနေ လက်ယက်ခေါ်နေတော့ ကျောင်းအပေါက်ဝ ရောက်လုနီးပါး ဖြစ်နေသော ဂျီမင်းသည် ကားထံသို့ ပြန်လှည့်လာရသည်။ ကားတံခါးပေါက်ဘောင်ကို လက်တင်ရင်း အထဲသို့ခေါင်းအနည်းငယ်ဝင်လိုက်ကာ...

" ပြော.. ဘာဖြစ်ပြန်ပြီလဲ"

" *** စာသေချာလုပ်ခဲ့..
ဗိုက်ဆာရင် စားထားနှင့်နော်..
ငါနောက်ကျနေမှာစိုးလို့.."

Love Bites ||kth:pjm|| (Hiatus)Where stories live. Discover now