Episode - 8

2.5K 421 25
                                    

[Unicode Version]

သဲသောင်ပြင်ပေါ်တွင် ပြေးလွှားကာ
ဆော့ကစားနေသော ဂျီမင်းကို ကြည့်ပြီး
ထယ်ယောင်းရွှင်ရွှင်လန်းလန်းပြုံးမိသည်။
ငယ်ငယ်တည်းက တစက်မှမပြောင်းလဲသော
ဂျီမင်းသည် ယနေ့ထိတိုင် ပင်လယ်ကိုမြင်လျှင်
ကလေးတစ်ယောက်နှယ် ပျော်ရွှင်မြူးတူးလျက်ပင်။
​သာယာသော ကမ်းခြေတောက်လျှောက်
အညောင်းပြေလမ်းလျှောက်ကြမယ်ဟု
ထယ်ယောင်းက ပြောထားသောကြောင့်
ဂျီမင်းသည် စိတ်လှုပ်ရှားနေသည်မှာ မနက်တည်းက။
အခုလည်း ကမ်းစပ်ရှိ ခရုခွံများကို ကုံးကုံးကွကွဖြင့်
ကောက်ယူနေလေသည်။

"ထယ်ယောင်း လာဦး.. "

လက်ယက်ကာ လှမ်းခေါ်နေသော ဂျီမင်းကြောင့်
ထိုင်လက်စသဲပြင်ပေါ်မှ ထလိုက်ရင်း ဘောင်းဘီရှိ
သဲမှုန်များကို ခါရန်ပြီးသည်နှင့် အနီးသို့
လျှောက်သွားလိုက်သည်။

" ဒါလေး ကိုင်ထားပေး.. "

ခရုခွံငယ်များကို မိမိလက်ထဲသို့ထည့်ပေးပြီးသည်နှင့်
သဲပြင်ပေါ်က ခရုခွံများကိုဆက်လက်
ကောက်ယူနေပြန်သည်။

" ထယ်ယောင်း ဒီမှာကြည့်
ဒါလေးတော်တော်လှတယ်.."

" အင်း.. လှတယ်.. အရမ်း.. "

မျက်လုံးများ မှိတ်သည်အထိ ရယ်ပြုံးနေသော
ထိုကောင်လေးသည် တကယ့်ကို မိမိအတွက်
လှတယ်ဆိုတာထက်ကို ပိုပါသည်။
ကြည့်နေရင်း အသည်းယားလာသည်မို့
လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်တော့
စွေ့ခနဲ မိမိဘေးနားရောက်လာသော ကိုယ်လုံးငယ်။

" ထယ်..ယေ... ဘာထဖြစ်တာလဲ.."

တဒိန်းဒိန်းခုန်မြည်နေသော ရင်ခုန်သံသည်
ဂျီမင်း၏ စိတ်အလုံးစုံကို ဖော်ပြနေသည့်နှယ်။

*ဘဘောကျရဲ့သားနဲ့..*

ထို့နောက်တစ်ဆင့်တိုးကာ ခါးသိမ်သိမ်ကို ဆွဲဖက်လိုက်ရင်း..

" အသည်းယားလို့.. "

" ထယ်ယောင်း.. လွှတ်..
ဒါငါတို့အခန်းမဟုတ်ဘူး..
အပြင်မှာ လူတွေနဲ့ မသင့်တော့ဘူး..."

"ဒါဆို အခန်းထဲမှာဆိုရင် သင့်တော်တယ်ပေါ့"

နားသည်စပ်နားကပ်ကာ
တိုးညင်းသောလေသံဖြင့် ဆိုတော့
ရင်ထဲ တဒိန်းဒိန်းဖြစ်လာသည့်အပြင်
ကြက်သီးမွှေးညင်းများပင် ထလာတော့
ချက်ချင်းပင်တွန်းထုတ်လိုက်ပြီး..

Love Bites ||kth:pjm|| (Hiatus)Where stories live. Discover now