[Unicode version]
၂၀၁၃ခုနှစ်။
ဖွင့်ပြောလိုက်သည့်နေ့တည်းကနေစပြီး
jiminတရှောင်ရှောင်လုပ်လာသည်မှာ
Taehyungသာမက မိဘများကပါ
ရိပ်မိလာကြသည်။ ထမင်းစားဝိုင်းတွင်
Taehyungပါမှ ထမင်းစားသောကောင်လေးသည်
အပြင်ကနေ စားပြီးမှ အိမ်ပြန်လာတက်သည်။
Taehyungနဲ့အတူတူ
အမြဲကျောင်းအတူတူသွားသည့် ကောင်လေးသည်
မနက်မိုးမလင်းခင် အိမ်ကနေ
အစောကြီးထွက်သွားတက်ပြီး ညဆိုလည်း
လူခြေတိတ်အိပ်ခါနီးမှ ပြန်လာတက်လေသည်။
အစပိုင်းကတော့ မိဘနဲ့ခွဲခွာကာ seoulမှာ
တစ်ယောက်တည်းလာနေရသည့်
ကလေးသာသာ ကောင်လေးအရွယ်မို့
မဆူချင်သော်ငြားလည်း တစ်ဖြည်းဖြည်းလွန်လာပြီမို့..။" jimin.. ဒီမှာလာထိုင်.. "
ညသန်းခေါင်အထိ မအိပ်သေးဘဲစောင့်နေသော
ဦးဦးသည် အိမ်ပြန်ရောက်လျှင်ရောက်ခြင်း
အပေါ်ထပ်သို့ တန်းတက်ရန်ပြင်နေသော
Jiminကိုလှမ်းခေါ်တော့ ချက်ချင်းပင်ရိုကျွံစွာ
အနားတွင် သွားထိုင်လိုက်သည်။" ညနက်နေတာကို
ဘာလို့မအိပ်သေးတာလဲ ဦးဦး.. "" သားကို စောင့်နေတာ.."
"....."
"ဒီရက်ပိုင်း သားရဲ့အချိုးတွေပြောင်းနေတယ်....
ဘာတွေဖြစ်နေတာလဲ.. taehyungနဲ့
ပြသနာဖြစ်ထားတာလား.. ""...."
" jimin.. မေးနေတယ်လေ.."
မသိမသာ လေသံမာလိုက်တော့
မျက်နှာမကောင်းသော jiminသည်
အမှန်တိုင်းမပြောသင့်သည့်ကိစ္စမှန်းသိသည်မို့
မုသားစကားသုံးရန်သာ ဆုံးဖြတ်လိုက်လေသည်။" ကျွန်တော် သူ့အိမ်စာတွေ ဆက်မရေးပေးတော့
ဟို.. အဲ့တာနဲ့.. အဲ့ကိစ္စနဲ့ပတ်သတ်ပြီး..
သူနဲ့ရန်ဖြစ်ထားလို့.."လိမ်နေမှန်းသိသောtaehyungအဖေသည်
မျက်မှန်ကိုင်းကို ပင့်တင်လိုက်ပြီး သက်ပြင်းဖွဖွချသည်။
ပြီးမှ jiminမျက်နှာကို တည့်တည့်ကြည့်ပြီး.."Taehyungက
သဘောကျနေတာကိုသိတယ်မလား..""ဗျာ..!? "
" ဦးအကုန်သိတယ်...
ဦးက taehyungရဲ့အဖေပါ..
ကိုယ့်သားရဲ့အခြေအနေကိုကြည့်တာနဲ့
ဘာကဘယ်လိုဆိုတာ တန်းရိပ်မိတယ်.."
YOU ARE READING
Love Bites ||kth:pjm|| (Hiatus)
Fanficmy own creation hope you guy will enjoy it ♡ fic cover by - dalumii