chapter 1

9.9K 82 0
                                    

တီတီ..တီတီ...     အလမ်းမြည်လာသည်။ နာရီကို    ကြည့်လိုက်တော့ ၆နာရီ။ မနက်မိုးလင်းတာနဲ. ပထမဆုံး သတိရလိုက်တဲ့သူကတော့ Bff  လေးသော်တာကိုပါဘဲ။ မနက်တိုင်း သော်တာလို့ခေါ်တဲ့ သော်တာမေကို
ဖုန်းဆက်တာအကျင့် တစ်ခုလိုတောင်ဖြစ်။ အဲ့တော့လည်း အကျင့်အတိုင်း အိပ်ယာပေါ်က အမြန်ထပြီး သော်တာ ကိုဖုန်းဆက်လိုက်တယ်။
          သော်တာတစ်ယောက်အိပ်မောကျနေချိန် မြည်လာတဲ့ဖုန်းသံကြောင့် နိုးသွားပြီး ဖုန်းကိုင်လိုက်တယ်..
"ဟယ်လို"
"ဘယ်သူလို့ထင်လဲ မှန်းကြည့်."
  " မိုးစက်လား"
အိပ်ချင်မူးတူးအသံနဲ့ သော်တာပြန်ဖြေလိုက်တယ်
     " တော်လိုက်တာ,ငါ့သူငယ်ချင်းလေးက"
   "တော်ရမှာပေါ့..သော်တာပဲလေ ဟီးဟီး"
  "အေးပါကွာ. ထတော့လေ.လှမ်းနှိုးတာ"
  "အော် ဟုတ်"
        သော်တာကစကားပြောရင် အမြဲ ချစ်ဖို့ကောင်းအောင်ပြောတတ်တယ်။ သူနဲ့ဆိုအမြဲပျော်ရတယ်။ ဘယ်တုန်းကမှ ရန်မဖြစ်ဖူးဘူး။ စစခင်တုန်းက၃ ပဲရှိသေးတာ။ အဲ့တုန်းက သော်တာကျောင်းတော်ကြီးမှာ ဘုမသိဘမသိနဲ့..     "ဟီး.."
တစ်ယောက်ထဲ တွေးရင်းရယ်နေမိတယ်။ ကျောင်းသွားရဦးမယ်။ အတွေးထဲနစ်နေတာ နာရီ၀က်ပင် ကျော်သွားပြီ။
   သက်ပြင်းမောကြီးချပြီး အမြန်ပြင်ဆင်နေရတယ်။ အခုဆို၉ တန်းရောက်နေပြီ.. ဒီအဖြူနဲ့ အစိမ်း..ရင်ဖုံးနဲ့ထဘီကိုပဲ ၀တ်နေရတာ ငြီးငွေ့စရာ။
  "  စည်းကမ်းကစည်းကမ်းဘဲ"
တစ်ယောက်ထဲစကားတွေများနေမိတယ်။ မှန်ရှေ့မှာ ကိုယ့်ကိုကိုယ်ကြည့်လိုက်တော့ အဆင်ပြေရဲ့လား ချိန်ဆရသေးသည်။ အင်း... အရပ်က၅ပေ၆လက်မ ဆိုတော့ နည်းနည်းတော့ရှည်ထွက်နေတာပေါ့ ။ ဆံပင်ကအရင်ကတော့ အရှည် ထားပေမယ့် ပင်ပန်းလို့ အခုက
ပခုံးနားလောက်ပဲ။ ဆံပင်ကမဲနက်လွန်းလို့ အရှည်ထားခိုင်းတဲ့သူတွေ ရှိပေမဲ့ သော်တာကဒီတိုင်းလေးပဲကြိုက်တယ်တဲ့လေ။ ကိုယ်လဲကြိုက်ပါတယ်။
     နောက်ကျနေပါတယ်ဆိုမှကျောင်းနားရောက်ခါနီးမှာ ကားတွေကပိတ်..      
   " ဖေဖေ,လမ်းလျှေက်ပြီးပဲသွားတော့မယ်"
"ခဏစောင့်ကြည့်လိုက်ဦးလေ"
" မရလို့။ ရောက်တော့မှာပဲကို..pls"
"အာ့ဆိုလဲသွား သွား"
  ကားပေါ်က ဆင်းပြီး ကျောင်းကိုအမြန်ဆုံးနည်းနဲ့ ပန်းကန်လုံးစီးပြီး ပြေးရတော့တယ်။ ဒါပေမဲ့လဲ ၀မ်းနည်းစွာနဲ့ပဲ ကျောင်းနောက်ကျသွားခဲ့ပြီ။ အတန်းပိုင်
ဆရာမကို ၀င်ခွင့်တောင်းပြီး...
"   ကျောင်းနောက်ကျပြန်ပီလား မိုးစက်"

" ဟုတ်ကဲ့,ကားတွေပိတ်နေလို့ပါ "

"အဲ့ကားပဲပိတ်နေ။ တစ်နေ့တစ်နေ့.. ကိုယ့်နေရာကိုယ်သွားထိုင်တော့"

"  ဟုတ်..."
ခေါင်းငုံ့ရင်း မျက်နှာမဲ့မဲ့ ..မဲ့မဲ့ နဲ့လာတဲ့မိုးစက်ပုံကိုကြည့်ရင်း သော်တာလဲပြုံးစိပြုံးစိနဲ့။ အော်.. နေ့တိုင်းနီးပါး
ကျောင်းနောက်ကျနေတဲ့ ကိုယ့်Bff.
"ဟီးဟီး ....ခွိခွိ...ဟိဟိ"

"ဟဲ့ သော်တာငါ့ကိုဟားနေတာပေါ့လေ..ဟားတာတောင်ဗားရှင်းအမျိုးမျိုးနဲ့"

  "ဟားတာမဟုတ်ပါဘူးဟာ..ဟိဟိ"

"အေးပါ ဟွန်း"

ဒီလိုနဲ့စာသင်ချိန်တွေ တစ်ချိန်ပြီးတစ်ချိန် ပြောင်းသွားတယ်။ အနည်းငယ် ကြမ်းတဲ့အတန်းမှုးအချိန်..  ဖတ်စာအုပ်မပါလာသူတွေကို မတ်တပ်ရပ်ခိုင်းနေတယ်။ ပြီးရင်အခန်းအပြင်ထွက်နေရမယ် ဆိုတာ အားလုံးကလဲသိနေကြတယ် ။
        သော်တာ.. မိုးစက်ကိုလှည့်ကြည့်လိုက်ချိန်မှာ စာအုပ် ကိုအသည်းအသန် ရှာနေတယ်။ သော်တာ သူ့သူငယ်ချင်းအတွက် စိတ်ပူသွားရသည်။

" မိုးစက်...နင်ဖတ်စာအုပ်မပါလာဘူးလား"

"အေး ငါလောလော လောလောနဲ့ မေ့ကျန်ခဲ့တာထင်တယ်။ သွားပါပြီ."

"အဲ့တာဆိုငါနဲ့ မျှကြည့်လိုက် တိတ်တိတ်လေးနေ။ မတ်တပ် ရပ်စရာမလိုဘူး။"

   သော်တာ့ကိုကြည့်ရတာ တစ်ကယ်စိတ်ပူနေဟန်

"no ငါမပါလာတာလေ။ ငါမတ်တပ်ရပ်ရမှာပေါ့။"

  အခုတော့ သော်တာရဲ့နားလည်ပေးမှုကိုဘဲ မိုးစက် စောင့်မျှော်ရုံသာ.... တစ်အုပ်ထဲကိုအတူကြည့်နေတာ မိသွားခဲ့ရင် သော်တာပါ ဒီအပြစ်လုပ်သူတွေထဲ ပါသွားတော့မှာ။ ဒီလိုအဖြစ်မျိုး မိုးစက်လုံး၀ အဖြစ်မခံနိုင်ပါ။
ကြည့်လဲကြည့်ရက်မှာ မဟုတ်။
      ပြောနေရင်းက မတ်တပ်ထရပ်လိုက်တဲ့ မိုးစက် ကိုသော်တာဘေးကနေကြည့်ရင်း.......။
      

LecageWhere stories live. Discover now