Unicode
Menuကိုလှန်ကာ သူ့စိတ်ကြိုက်ကိုရွေးနေတဲ့ ကိုကြီးပုံစံက တကယ်ကြည့်လို့ကောင်းတယ် ။
ကြည်ပြာရောင်ရှပ်လေးက ကိုကြီးနဲ့အနည်းငယ်ပွယောင်းနေဟန်တူပေမဲ့ အညိုရောင်ကိုကြီးဆံပင်ရှည်လေးတွေက ဂုတ်နားထိခတ်နေတာလေးကလည်း တစ်မျိုးလိုက်ဖက်နေပြန်ရော ။
နှဖူးအထက်နားမှာ ခပ်ဝဲဝဲကျနေတဲ့ ဆံပင်မတိုမရှည်လေးတွေရဲ့ အနားသတ်က မျက်လုံးကြည်တောက်တောက်လေးတွေကလည်း တကယ်လှတယ် ။
" ငယ် "
လက်အားတစ်စုံတစ်ခုထိခတ်လာမှ သတိတို့ပြန်ကပ်ကာ ကြည့်လိုက်တော့ ကိုကြီးက ကျွန်တော့်ကိုရွှန်းရွှန်းစားစားကြည့်နေသည် ။
" ဗျာ "
" အတွေးတွေဘယ်ရောက်နေတာလဲ ငယ်ရဲ့ ။ ငယ်ဘာသောက်မလဲလို့ ကိုယ်မေးနေတာ ကြာလှပြီ "
" sorry "
" ကဲ ပြော ဘာသောက်မလဲ "
" ice-chocolate ပဲသောက်မယ် "
" latteတစ်ခွက်နဲ့ ice-chocolateတစ်ခွက်ပေး ညီ "
Menuအားပြန်ပိတ်ကာ ကိုကြီးက waiterကိုမှာရင်း ပြုံးပြနေသည် ။
" အခုလို ကိုယ်နဲ့coffee dateပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ငယ် "
" coffee date? "
" နည်းနည်းလောသွားတယ်လား ဟဟ "
" ရပါတယ် "
" ငယ့်ကြည့်ရတာ တစ်ခုခုကိုစိုးရိမ်နေသလိုပဲ "
Appaမြင်မှာကိုကြောက်နေတာ အဲ့လောက်အထိ သိသာနေလို့လား ။
" ဟို ဟိုဟာ "
" ဘာလဲ ကိုယ့်ကိုပွင့်ပွင့်လင်းလင်း
ပြောလို့ရပါတယ် "" အမှန်တော့ ကျွန်တော့်အဖေရဲ့ဆိုင်က ဒီဆိုင်ရဲ့မျက်စောင်းထိုးမှာ ကိုကြီး "
" ဟမ် တကယ်လား ။ sorryကွာ ။ ကိုယ်တကယ်မသိလို့ ။ ငယ်အခုထပြန်မလား "
" နေပါစေ ။ ရောက်ပြီးနေမှတော့ Appaလည်းမမြင်လောက်ပါဘူး ။ ဒါနဲ့ ကျွန်တော့်ကိုယ်ကျွန်တော်မိတ်မဆက်ရသေးဘူး "
" မင်းနာမည်ကိုယ်မသိချင်ဘူး ငယ် ။ မင်းရော ကိုယ့်အကြောင်းသိချင်လား "
YOU ARE READING
M̺͆I̺͆S̺͆T̺͆A̺͆K̺͆E̺͆ ❌[Unicode × Zawgyi]
Short Storyငါမင်းကိုဘယ်တုန်းကမှ မမုန်းခဲ့ဘူး မင်းကသာ... [ ငါမင်းကိုဘယ်တုန်းကမှ မမုန်းခဲ့ဘူး မင်းကသာ... ] J̺͆e̺͆n̺͆o̺͆ × J̺͆a̺͆e̺͆m̺͆i̺͆n̺͆ ȓ̈ȇ̈n̑̈j̑̈ȗ̈n̑̈ × j̑̈ȋ̈s̑̈ȗ̈n̑̈g̑̈