❌Seven❌

798 86 3
                                    

Unicode

" မင်း "

ဘယ်လိုဖြစ်ပြီး Jenoလဲ ။

" လောကကြီးက ကျဉ်းကျဉ်းလေးပဲလေ Na Jaemin "

Jenoရဲ့ခနဲ့သံအဆုံး အနိုင်လိုအပြုံးတွေကို အားတင်းကာ ကျွန်တော်မတ်မတ်ရပ်နေရသည် ။

ခံစားချက်တွေက ရင်ထဲမှာ ရောပြွန်းလို့နေသည် ။

ရှက်ရွံ့မှု ကျရှုံးမှု ကြောက်ရွံ့မှု အမယ်တပ်မရတဲ့ ခံစားချက်တွေ ရင်ထဲမှာ မွတ်သိပ်လို့နေပြီ ။

" မင်းမှန်းသိရင် ငါဒီနေရာကိုမလာခဲ့ဘူး Lee Jeno "

" မင်းအခုလှည့်ပြန်ချင်တယ်ဆိုရင်တော့ ငါခွင့်မပြုနိုင်ဘူးနော် "

" ငါအလုပ် ငါလေးစားတတ်တယ် Lee Jeno ။ မင်းပေးတဲ့အဖိုးအခနဲ့တန်အောင် မင်းပြန်ရ,ရမှာပါ "

" မင်းကငါနဲ့အတူအိပ်ပေးမလို့လား "

Lee Jenoကတော့ လွယ်လွယ်လေး မေးလိုက်ပေမဲ့ ကျွန်တော့်ရင်ထဲမှာတော့ တရေးရေး နာကျင်လာသည် ။

မင်းအတွက်ငါက အဲ့လောက်ပဲ တန်ဖိုးရှိတဲ့ကောင်လား ။

" ဒါငါ့အလုပ်ပဲလေ "

မထီမဲ့မြင် ကျွန်တော့်အဖြေကြောင့် Lee Jenoမျက်မှောင်ကြုတ်သွားသည် ။

" မင်းဘက်ကအဆင်ပြေပါ့မလား Lee Jeno "

" Na Jaemin "

" မင်းငါ့ကိုလက်မခံနိုင်ပါဘူး Lee Jenoရာ "

ခေါင်းကိုမော့ကာ အော်ရယ်ပစ်လိုက်သည် ။

" Na Jaeminမင်းမှာ လုပ်စရာ အလုပ် အဲ့လောက်ရှားလား ။ မင်းကြောင့် ပျက်စီးသွားမယ့် မိသားစုတွေကို မင်းမတွေးမိဘူးလား ဟမ် ! မင်းမိဘတွေ မင်းကိုသင်ပေးထားတဲ့ အသိပညာ အတက်ပညာတွေက ပိုင်းလုံးလုပ်ဖို့ မဟုတ်ဘူးကွ "

မျက်နှာပေါ် တဖွားဖွားကျလာတဲ့ အအေးတွေ ။

နှုတ်ခမ်းပါးပေါ်တင်ကျန်ရစ်နေသည့် ချိုမြိန်မှုတွေအား လျှာနဲ့သပ်လိုက်ပြီး ။

" ချိုသားပဲ "

" Na Jaemin မင်း ငါ့စကားကိုမထီမဲ့မြင်ပုံစံမျိုး မလုပ်နဲ့ "

M̺͆I̺͆S̺͆T̺͆A̺͆K̺͆E̺͆ ❌[Unicode × Zawgyi]Where stories live. Discover now