Unicode
" Jeno "
နောက်ကနေ လက်အားဆွဲကာ အော်နေတဲ့ Renjunအားမကြည့်ပဲ ခေါင်းမော့ကာ ကြိတ်ပြုံးလိုက်သည် ။
" Jeno ငါမေးနေတာဖြေလေ "
" ဘာကိုလဲ "
" မင်းတမင်လုပ်ခဲ့တာမဟုတ်လား "
" မင်းဘယ်လိုထင်လဲ "
ပြုံး၍ကြည့်ကာ မေးလိုက်တော့ Renjunဆူပုတ်နေသည် ။
" ကဲပါကွာ နှုတ်ခမ်းကြီးကဆူမနေစမ်းနဲ့ ၊ သွားမယ် ၊ ကားပေါ်တက် "
ဆိုင်ထဲကထွက်လာတဲ့ Na Jaeminတစ်ချက်ကြည့်ပြီး ရှေ့ကိုချွန်ထွက်နေတဲ့ Renjunနှုတ်ခမ်းလေးအား လိမ်ဆွဲကာ ပြောလိုက်သည် ။
" ဖယ်စမ်းပါ ၊ လက်ခဏခဏမပါနဲ့ "
" ဘာဖြစ်လဲ ပါတော့ ၊ ငါ့အချစ်ဆုံးကြီးကို ငါလုပ်တာ ဘာဖြစ်လဲ "
Renjunမကြိုက်မှန်းသိတာမို့ အတင်းဖက်ကာ ပါးတွေကိုဆွဲတော့ Renjunဆူပုတ်နေသည် ။
" တော်ပြီJeno ၊ လူတွေတစ်မျိုးထင်ကုန်မယ် "
" ဘာကိုထင်ရမှာလဲ "
" Lee Jeno "
" အေးပါ အေးပါ မစတော့ဘူး ၊ တက်တော့ ကားပေါ် "
ကားပေါ်Renjunတက်ပြီးမှ ရှေ့ကနေပတ်ကာ မောင်းသူနေရာမှာ ဝင်ထိုင်လိုက်သည် ။
" Jaemin "
နောက်ကနေ ပခုံးကိုတိုက်လိုက်တာမို့ လွင့်မြောနေတဲ့အသိတို့က ခန္ဓာမှာပြန်ကပ်လို့သွားသည် ။
" ဗျာ "
" အဲ့ကောင်လေးနှစ်ယောက်နဲ့ မင်းတစ်ခုခု ပတ်သတ်တယ်မလား "
Daegu Hyungက မှန်းဆသလိုမေးလာသည်အား မဖြေချင်တာမို့ ကားပေါ်သို့သာ အရင်တက်ခဲ့လိုက်သည် ။
" Jaemin Hyungမေးနေတာကို ဖြေအုန်းလေ "
" Hyungနဲ့ကျွန်တော်စတွေ့တဲ့နေ့က ကျွန်တော့်ကိုဆိုင်ကယ်နဲ့တိုက်သွားတဲ့ နှစ်ယောက်ပါ "
" ကျောင်းတော်ကရန်စတွေပဲ "
ရေရွတ်ကာ Hyungက ကားကိုမောင်းထွက်လေသည် ။
ကူရှင်အားမှီကာ မျက်လုံးတို့ကိုစုံမှိတ်လိုက်တော့ ပေါ်လာတာက စောစောကမြင်ကွင်းတွေ ။
BẠN ĐANG ĐỌC
M̺͆I̺͆S̺͆T̺͆A̺͆K̺͆E̺͆ ❌[Unicode × Zawgyi]
Truyện Ngắnငါမင်းကိုဘယ်တုန်းကမှ မမုန်းခဲ့ဘူး မင်းကသာ... [ ငါမင်းကိုဘယ်တုန်းကမှ မမုန်းခဲ့ဘူး မင်းကသာ... ] J̺͆e̺͆n̺͆o̺͆ × J̺͆a̺͆e̺͆m̺͆i̺͆n̺͆ ȓ̈ȇ̈n̑̈j̑̈ȗ̈n̑̈ × j̑̈ȋ̈s̑̈ȗ̈n̑̈g̑̈