Unicode
' ဟေ့ကောင်တွေ တိုးတိုး '
Renjunအော်နေပေမဲ့ Jenoဂရုမစိုက် ။
ဟိုဘက်ခြံနားကပ်ကာ ဂစ်တာကို အသံမြှင့်တီးရင်း သီချင်းကိုအသံကုန်အော်ဆိုနေလိုက်သည် ။
' Jeno တော်ပြီဆို '
' ဘာဖြစ်နေတာလဲ Renjunရာ အဖိုးကြီးကျနေတာပဲ '
ရေရွတ်ရင်း Renjunစကားအား Jenoမသိကျေးကျွံပြုလိုက်သည် ။
' Daephyoe! မင်းမပြောတော့ဘူးလား '
ပြောမရတဲ့အဆုံး Gang Dae Phyoeဘက် Renjunမြှားဦးလှည့်သွားသည် ။
' ငါကဘာကိုပြောရမှာလဲ '
' ဒီနေရာမှာ မင်းတစ်ယောက်တည်း ပေါက်ပေါက်ဖောက်နေတာ Renjun '
Jenoကို မတားတဲ့အပြင် Hyuckကပါ မီးလောင်ရာလေကူပင့်နေတာမို့ Renjunဒေါသတွေ အုံးအုံးထသွားသည် ။
' ကောင်းတယ် လုပ်ကြ ၊ မတားတဲ့အပြင် မြှောက်ပေးနေကြ '
' Renjunကလည်းကွာ ဒေါသတွေလျှော့စမ်းပါ '
လူသတ်မယ့်မျက်နှာနှင့် ထိုင်နေသည့် ဒေါသအိုးRenjunလည်ပင်းအား သိုင်းဖက်ကာ Jenoမျက်နှာချိုသွေးလိုက်သည် ။
' မင်းဘာလို့ Na Jaeminကို နှောင့်ယှက်နေတာလဲ Jeno '
' ငါသူ့ကိုကြည့်မရဘူး ၊ ဘဝင်တွေလွှတ်မြင့်နေတဲ့ သူ့မျက်ခွက်ကို စိတ်ရှိလက်ရှိကို ဖြတ်ကန်ပစ်ချင်တာ '
' အကောင်းမြင်စိတ်လေးမွေးစမ်းပါ '
' တစ်လောကလုံးကိုတော့ဖြစ်နိုင်တယ် ၊ အဲ့ကောင်ကလွဲပြီးတော့ '
ပြောလေကဲလေ မန်းလေပြဲလေ Lee Jenoအား Renjunလွှတ်သာထားလိုက်တော့သည် ။
' တောက် !! '
ပိတ်ရက်မို့ အေးအေးလူလူ စာလုပ်မယ် တွေးထားသမျှ ကြက်တန်းမီးလောင်နေသည့် တောင်အော်မြောက်အောက် အသံတစ်စုကြောင့် ဘာစာမှကျက်မရ ။
စားပွဲပေါ်ဘောပင်ပစ်ချကာ Jaeminတောက်ခေါက်ပြီး ထိုင်နေရာမှထ၍ ခန်းဆီးစအား ဆွဲလှပ်လိုက်တော့ ဟိုဘက်ခြံမှာ လာပြီး သောင်းကျန်းနေတဲ့ Jenoမျက်နှာက အထင်းသား ။
YOU ARE READING
M̺͆I̺͆S̺͆T̺͆A̺͆K̺͆E̺͆ ❌[Unicode × Zawgyi]
Short Storyငါမင်းကိုဘယ်တုန်းကမှ မမုန်းခဲ့ဘူး မင်းကသာ... [ ငါမင်းကိုဘယ်တုန်းကမှ မမုန်းခဲ့ဘူး မင်းကသာ... ] J̺͆e̺͆n̺͆o̺͆ × J̺͆a̺͆e̺͆m̺͆i̺͆n̺͆ ȓ̈ȇ̈n̑̈j̑̈ȗ̈n̑̈ × j̑̈ȋ̈s̑̈ȗ̈n̑̈g̑̈