Unicode
' ကံကောင်းလို့ ခြေဆစ်လေးပဲ လွဲသွားတာ ၊ သုံးလေးရက်နေရင် ကောင်းသွားမှာပါ '
ဒေါက်တာရဲ့စကားအား နားထဲမှာ အတိုင်းသားကြားနေရပေမဲ့ သူ့နှလုံးသားကတော့ သွေးစိမ်းရှင်ရှင်ကျလို့နေသည် ။
' အောက်မှာ ဆေးယူသွားပြီး သွားလို့ရပါပြီ '
' ကျေးဇူးတင်ပါတယ် ဒေါက်တာ '
ခေါင်းညိတ်ပြကာ ဒေါက်တာ အခန်းထဲက ထွက်သွားမှ ဘယ်သူမှန်းမသိတဲ့ Hyungတစ်ယောက်က လာရောက်တွဲကူသည် ။
' ညီလေး ဖြေးဖြေးထ '
' ကျေးဇူးတင်ပါတယ် Hyung '
ဘယ်သူမှန်းမသိပေမဲ့ သွေးတွေထွက်ပြီး ခြေထောက်ထောက်မရတဲ့ သူ့ကို တွဲထူကာ အခုလို ဆေးရုံသို့ခေါ်လာခဲ့ခြင်းဖြစ်သည် ။
' ခဏထိုင်အုန်းနော် ညီလေး '
ခုံမှာထိုင်စေကာ ထိုHyungက ဆေးဝယ်လို့နေသည်မို့ မျက်လုံးတွေကို ဘာရယ်မဟုတ် လျှောက်ကြည့်ရင်း မျက်လုံးထောင့်သို့ဝင်လာသည့် အရိပ်တစ်ခု ။
' ဖေဖေ '
ခပ်တိုးတိုးရေရွတ်ကာ ခေါ်ဖို့သူပြင်လိုက်ပေမဲ့ ဖေဖေ့လက်ကိုတွဲချိတ်လာသည့် ကိုယ်ဝန်ဆောင် အမျိုးသမီးကြောင့် အံ့သြမှုတွေနဲ့ စကားလုံးတွေ ဆွံ့အကုန်သည် ။
' ညီလေး သွားရအောင် '
' Nae Hyung '
ခေါင်းညိတ်ပြကာ ဖေဖေမမြင်အောင် ထိုနေရမှ သူလှမ်းထွက်ခဲ့လိုက်သည် ။
ထိုHyungဖွင့်ပေးသည့် ကားပေါ်အလိုက်သင့်တက်လိုက်သော်ငြား အကြည့်တွေက ဆေးရုံအတွင်းရှိ ဖေဖေ့ထံ၌သာ ။
ဘာတွေလုပ်နေတာလဲ ဖေဖေ ။
' ညီလေး ဘယ်ကိုမောင်းပေးရမလဲ '
' ဒီလမ်းတည့်တည့်ကနေပြီးတော့ ညာကွေ့လိုက်ရင် ရောက်ပြီ Hyung '
' အင်း '
သူပြောသည့်အတိုင်း တသဝေမတိမ်း Hyungက မောင်းနှင်လေသည် ။
' Hyungလိုက်ပို့မယ် '
' ရတယ် Hyung ၊ ကျေးဇူးတင်ပါတယ် ၊ ခြေထောက်ကိုထိန်းလျှောက်လိုက်ရင် အဆင်ပြေသွားမှာပါ '
ESTÁS LEYENDO
M̺͆I̺͆S̺͆T̺͆A̺͆K̺͆E̺͆ ❌[Unicode × Zawgyi]
Historia Cortaငါမင်းကိုဘယ်တုန်းကမှ မမုန်းခဲ့ဘူး မင်းကသာ... [ ငါမင်းကိုဘယ်တုန်းကမှ မမုန်းခဲ့ဘူး မင်းကသာ... ] J̺͆e̺͆n̺͆o̺͆ × J̺͆a̺͆e̺͆m̺͆i̺͆n̺͆ ȓ̈ȇ̈n̑̈j̑̈ȗ̈n̑̈ × j̑̈ȋ̈s̑̈ȗ̈n̑̈g̑̈