Unicode
ကားကိုဘရိတ်ဆောင့်နင်းကာ ရပ်ပစ်လိုက်ပြီး စတီယာရင်အား ဒေါသကိုအခြေပြု၍ လက်ဖဝါးနှင့် ထုရိုက်ပစ်လိုက်သည် ။
တောက်!!
စိတ်ထဲကအလိုမကျမှုတွေက ဘာကိုရည်ညွှန်းမှန်းမသိ ။
Jaeminမင်းကငါဘယ်လိုမှ ကောင်းကောင်းဆက်ဆံလို့မရတဲ့သူပဲ ။
ငါ့မှာမင်းဆီလာဖို့ အစောကြီးထွက်လာခဲ့ရတာ ။
ငါ့မှာမင်းကိုခေါ်ဖို့ Planတွေအများကြီးချခဲ့ရတာ ။
အဲ့ဒါတောင် မင်းကမင်းရဲ့သုံးစားမရတဲ့မာနတွေကို ရင်ဝယ်ပိုက်ပြီး မင်းကငါ့ကိုအနိုင်လိုချင်နေတုန်းပဲ ။
ဒတ်ရ်ှဘုတ်ပေါ်ရှိဖုန်းအားလှမ်းယူကာ Jaeminဆီ ဖုန်းခေါ်လိုက်တော့ ချက်ချင်းကိုင်သည် ။
" မင်းစိတ်ပြောင်းဖို့မရှိဘူးလား "
" ငါပြောပြီးပြီလေ Jeno ။ ငါတို့ကဘယ်လိုပတ်သတ်မှုနဲ့ မင်းဆီမှာ ငါကအလုပ်လုပ်ရမှာလဲ "
" မင်းကငါ့ရည်းစားလေ "
" ရည်းစား ချစ်သူလောက်တောင် မလေးနက်တဲ့ဟာ ။ မင်းအဲ့လောက်အထိ လုပ်ပေးဖို့မလိုပါဘူး "
" Jaemin ငါကငါဖြစ်ချင်တာကို ဖြစ်အောင်လုပ်တတ်တယ်ဆိုတာ မင်းသိတယ်နော် "
" ငါကလည်းလွယ်လွယ်နဲ့ အရှုံးမပေးတတ်ဘူးဆိုတာ မင်းသိနေတာပဲ "
" မင်းအဲ့လိုတွေ ငါ့ကိုကန့်လန့်လိုက်တိုက်နေမှ ဖြစ်မှာလား Jaemin "
" မင်းကရော ငါ့ကိုအမြဲအနိုင်ယူနေရမှ ဖြစ်မှာလား "
" ငါ ငါလေ မင်းလိုကောင်ကို ဘယ်လိုလုပ်ပြီး ငါ့ရင်ထဲရောက်လာလဲ မပြောတတ်ဘူး "
" ငါလည်း မသိဘူး ။ မင်းလိုအနိုင်ယူတတ်တဲ့လူကိုမှ ငါဘာလို့ သဘောကျမိသွားတယ်ဆိုတာ "
" ငါ့စကားတိုင်းကို တစ်ခွန်းမကျန် ပြန်ချေပနေရမှာ မင်းကျေနပ်တာလား Jaemin "
" မင်းကရော ဘာလို့ငါ့ကိုတစ်ခါလေးတောင် အလျှော့မပေးနိုင်ရတာလဲ "
" ငါကားမောင်းနေတယ် Jaemin "
" သေချာမောင်း ။ ငါဖုန်းချလိုက်တော့မယ် "
YOU ARE READING
M̺͆I̺͆S̺͆T̺͆A̺͆K̺͆E̺͆ ❌[Unicode × Zawgyi]
Short Storyငါမင်းကိုဘယ်တုန်းကမှ မမုန်းခဲ့ဘူး မင်းကသာ... [ ငါမင်းကိုဘယ်တုန်းကမှ မမုန်းခဲ့ဘူး မင်းကသာ... ] J̺͆e̺͆n̺͆o̺͆ × J̺͆a̺͆e̺͆m̺͆i̺͆n̺͆ ȓ̈ȇ̈n̑̈j̑̈ȗ̈n̑̈ × j̑̈ȋ̈s̑̈ȗ̈n̑̈g̑̈