❌Ten❌

745 71 5
                                    

Unicode❌

" Jeno "

Laptopတစ်လုံးနဲ့ ကုတင်ပေါ်မှာ ထိုင်ကာ အလုပ်ရှုပ်နေတဲ့ Jenoခါးကို နောက်မှနေ ခြေထောက်နှစ်ချောင်းနှင့်ခွချိတ်ကာ ဖက်ပြီးချွဲနေတဲ့ Jaemin ။

" အင်း "

" Jeno ငါ့ကိုကြည့် "

ခေါင်းညိတ်ပြကာ နောက်လှည့်ကြည့်တဲ့ Jenoအား နှုတ်ခမ်းလေးစုချွန်ကာ မျက်လုံးမှိတ်ပြလိုက်တာမို့ ပြုံး၍ ထိတယ်ဆိုယုံ ကျွန်တော်ကို Jenoနမ်းလေသည် ။

" ငါ့ကိုချစ်လား "

" အင်း "

" အများကြီးချစ်လား "

" အင်း "

" အဲ့ဒါဆို အဲ့အလုပ်တွေဖယ်ထားလိုက်ပါလား "

" ဟူး "

လေပူတွေအားမှုတ်ထုတ်ကာ Laptopကို ပိတ်ပစ်လိုက်ပြီး ကျွန်တော့်ပါးလေးကို Jenoခပ်ဖွဖွဆုတ်ကိုင်လိုက်တော့ Jenoကိုဖက်ကာ ခန္ဓာကိုယ်ကို လှုပ်ယမ်းပစ်လိုက်သည် ။

" ပြန်တွေးကြည့်ရင် အိပ်မက်လိုပဲနော် "

" ဘာလို့လဲ "

" ဘယ်သူထင်မှာလဲ ဟော့ဒီ့က ဂျစ်တူးလေးနဲ့ ဒီက မာနခဲလေးက အခုလို သိပ်ချစ်နေကြမယ်လို့ "

" ဖူးစာပဲလေ ရှောင်လွှဲလို့မရဘူး "

" ငါက မင်းRenjunကို ချစ်နေတယ်ထင်တာ "

" ချစ်တယ်လေ "

" ဘာ "

" သူငယ်ချင်းလိုလေ "

" ငါ့ကိုရော "

" မင်းလေးကတော့ ကိုယ့်ရဲ့VVIPပေါ့ "

မေးဖျားလေးကို ကိုင်ကာပြောလာသည့် Jenoစကားကြောင့် ကျေနပ်စွာ ကျွန်တော်ပြုံးမိသည် ။

" Jaemin "

" အင်း "

" ကျောင်းပြန်တက်ချင်လား "

" ဟင့်အင်း "

" မင်းပဲဆရာဝန်ဖြစ်ချင်တာဆို "

" အရင်ကပါ ။ အခုက အသက်ကြီးနေပြီလေ "

" တက္ကသိုလ်ဆိုတာ ဘယ်အချိန်တက်တက်ရပါတယ်ကွာ "

" မင်းကတက်စေချင်လို့လား "

" မင်းဆန္ဒလေးကို ဖြည့်ပေးချင်ယုံပါ "

M̺͆I̺͆S̺͆T̺͆A̺͆K̺͆E̺͆ ❌[Unicode × Zawgyi]Where stories live. Discover now