❌Four❌

732 77 3
                                    

Unicode

" Jeno အဆင်သင့်ဖြစ်နေပြီလား "

Renjunအမေးအား သူပြုံးပြလိုက်သည် ။

EXAMနောက်ဆုံးနေ့မို့ စိတ်တွေက အတော်လေးတက်ကြွလို့နေသည် ။

ဘာပဲဖြစ်ဖြစ် ဒါပြီးရင် Uniတက်ရတော့မယ်လေ ။

" Renjun "

" ဟင် "

" ကျောင်းပြီးရင် မင်းဘာလုပ်မှာလဲ "

" မစဉ်းစားရသေးပါဘူးကွာ "

" ဒယ်ဒီ့ Companyမှာလုပ်မလား ၊ ငါပြောပေးမယ်လေ "

" Lee Jeno အခုမှ အထက်တန်းပြီးမှာနော် "

" ဘွဲ့မရသေးလည်း ဘာဖြစ်လဲ ၊ အလုပ်သင်ပေါ့ ၊ ငါတစ်ယောက်တည်းဆိုတော့ စိတ်ကမပါချင်ဘူး "

" မင်းအဖော်မရှိလို့ ငါ့ကိုခေါ်နေတာ မဟုတ်လား "

" မင်းကလည်းကွာ ငါကမင်းကိုအချစ်ဆုံးဆိုတာ သိရဲ့သားနဲ့ "

" ငါပါးပါးတို့နဲ့တိုင်ပင်လိုက်အုန်းမယ် "

သူခေါင်းညိတ်ပြလိုက်သည် ။

ဒါကဖြစ်သင့်တာပဲလေ ။

ဖြေဆိုချိန်နီးကပ်နေပြီမို့ အလျှိုလျှို အတန်းထဲဝင်နေကြပြီ ။

Renjunနောက်မှ သူလည်းလိုက်ဝင်ရင်း ရှေ့ဆုံးခုံနေရာအား ဘာရယ်မဟုတ် အကြည့်တို့ကရောက်သွားသည် ။

Na Jaeminမလာသေးဘူးပဲ ။

ပန်းဝင်ခါနီးမှ အရှုံးပေးမှာတော့ မဟုတ်လောက်ပါဘူး ။

ဘောပင်လေးတွေအားချကာ မျဉ်းတားနေသည့် Renjunကို သူရယ်ပြလိုက်သည် ။

ဖြေဆိုချိန်ကျပြီမို့ ဆရာမက မေးခွန်းတွေဝေနေပြီ ။

သို့ပေမဲ့ Na Jaeminရောက်မလာသေး ။

အခု ကျွန်တော်က ပြိုင်ဘက်အတွက် ပူပန်နေတာလား ။

ကျွန်တော်မငြင်းချင်ပါ ။

Na Jaeminမလာမှာ ကျွန်တော်တကယ် တွေးပူမိပါသည် ။

ဘာဖြစ်လို့လဲဆိုတော့ ယှဉ်ပြိုင်တဲ့သူမရှိပဲ အောင်နိုင်သူမဖြစ်ချင်လို့ ။

ရေကုန်ရေခမ်းယှဉ်ပြိုင်ပြီးမှ ပထမနေရာကို မော်မော်ကြွားကြွား သူရချင်တာ ။

M̺͆I̺͆S̺͆T̺͆A̺͆K̺͆E̺͆ ❌[Unicode × Zawgyi]Onde histórias criam vida. Descubra agora