Unicode❌
အနားမှာအမြဲလိုလိုရှိပေးတတ်တဲ့ Jenoနဲ့သားက ကျွန်တော့်ရဲ့အားကိုးရာ ။
အခုလည်း သားကကျွန်တော့်အနားမှာ ယက်ခတ်ကာ အမောပြေလို့နေစေပြန်ပြီ ။
" သက်သာလား Jaemin "
ရင်ခွင်ထဲထွေးပွေ့ပြီးမေးနေတဲ့ Jenoအပြုံးတွေထက်မှီတဲ့အားဆေးတစ်ခွက် အဘယ်မှာရှိမည်နည်း ။
" အင်း "
ဖြေးညှင်းစွာပဲ ကျွန်တော်ခေါင်းညိတ်ပြလိုက်သည် ။
" ဘယ်သူ့ဆီကဖုန်းမို့လို့လဲ Jaemin "
" ဟင့်အင်း ဘာရယ်မဟုတ်ပါဘူး ခြောက်ခြားစရာအသံတစ်ခုကြားလိုက်လို့ လန့်သွားယုံပါ "
" မင်းကတော့ဖြစ်ရမယ်ကွာ "
" တော်သေးတာပေါ့ Appa ။ ကျွန်တော့်မှာ စိတ်ပူသွားတာပဲ "
" agioo appaရဲ့ကြက်ပေါက်ကလေးကို စိတ်ပူသွားစေမိတာလား "
အပြုံးများနှင့်ဆံပင်တို့အားဆွဲဖွလိုက်တော့ သားကမျက်ဝန်းလေးတွေပိတ်သည်အထိ ပြုံးလို့နေသည် ။
" ကဲ သား Appaလည်း သက်သာနေပြီဆိုတော့ ကျောင်းသွားတော့ "
" ဟုတ်ကဲ့ ဒယ်ဒီ "
" သားကိုလိုက်ပို့ပေးလိုက်လေ Jeno "
" မင်းသားကလေးမဟုတ်တော့ပါဘူးကွ "
" Jenoကလည်း သားကကလေးပဲရှိသေးတာကို "
" Appaစိတ်မပူပါနဲ့ ။ ကျွန်တော့်ဘာသာသွားတတ်ပါတယ် "
" ကဲ ကြားလား Jaemin ။ မင်းသားက လူပျိုဖြစ်နေပြီလို့ "
Jenoစနောက်သည့်စကားက ကျွန်တော့်အတွက် အကြီးမားဆုံးထိုးနှက်ချက်ပင် ။
သားဘယ်အရွယ်ရောက်ရောက် ကျွန်တော့်အတွက်တော့ သားက ကျွန်တော့်ရင်ခွင်နဲ့ တယုတယထွေးပွေ့ရသေးတဲ့ ကလေးလေးပဲ ။
အခန်းထဲက လှမ်းထွက်သွားသည့် သားကိုကြည့်ကာ Jenoလက်ကို ခပ်တင်းတင်းဆုတ်ကိုင်လိုက်တော့ Jenoငုံ့ကြည့်လေသည် ။
" ပြောစရာရှိလို့လား Jaemin "
" Jeno ငါ "
ပြောဖို့အတွက်စကားတွေက အာခေါင်ထဲမှာ သွေ့ခြောက်လို့နေသည် ။
YOU ARE READING
M̺͆I̺͆S̺͆T̺͆A̺͆K̺͆E̺͆ ❌[Unicode × Zawgyi]
Short Storyငါမင်းကိုဘယ်တုန်းကမှ မမုန်းခဲ့ဘူး မင်းကသာ... [ ငါမင်းကိုဘယ်တုန်းကမှ မမုန်းခဲ့ဘူး မင်းကသာ... ] J̺͆e̺͆n̺͆o̺͆ × J̺͆a̺͆e̺͆m̺͆i̺͆n̺͆ ȓ̈ȇ̈n̑̈j̑̈ȗ̈n̑̈ × j̑̈ȋ̈s̑̈ȗ̈n̑̈g̑̈