Unicode
" Renjunမပြီးသေးဘူးကွ "
အခုအချိန်အထိ အိမ်ထဲကထွက်မလာသေးတဲ့ Renjunအား ကားပေါ်ကနေ ကျွန်တော်လှမ်းအော်လိုက်တော့ ပြေးလို့ထွက်လာသည် ။
" ပြီးပါပြီကွ "
" ဟိုမှာ Donghyuckဆဲတော့မယ် "
" အေးပါကွာ "
Renjun ကားပေါ်တက်ပြီးသည်နှင့် ခါးပတ်ပတ်ပြီးအောင်မစောင့်ပဲ ကားကိုမောင်းထွက်လိုက်တော့ ဟန်ချက်ပျက်ကာ ကျွန်တော်ရင်ခွင်ထဲ ပစ်လဲလေသည် ။
" သေပါပြီကွာ "
" မင်းလက်က ငါ့ပေါင်ကိုထောက်ထားတယ် "
" ငါထလို့မရသေးဘူး "
" မြန်မြန်ပြထလေကွာ ၊ ငါကားမောင်းမရဘူး "
" ခဏလေး ခဏလေး "
ကျွန်တော့်ပေါင်ကိုဆုတ်ကိုင်ကာ Renjunမနည်းပြန်ထပြီး ခါးပတ်ပတ်နေသည် ။
" ပြီးပြီလား "
" ရပြီမောင်းတော့ "
ပြုံး၍ ကားကိုတဖန်ပြန်လည် မောင်းနှင်လိုက်သည် ။
* MyeonChu Club *
ကားအားပါကင်ထိုးပြီး Clubထဲလှမ်းဝင်လိုက်တော့ မှောင်မိုက်နေတဲ့အခန်းထဲရှိ မှိန်ပြပြမီးရောင်အောက်မှာ DJသံတွေ ဆူညံလို့နေသည် ။
" Renjun !! "
ခေါ်သံလာရာက Donghyuckဆီက ။
Renjunက ဟိုသည်လျှောက်ငေးနေတာမို့ လက်အားဆွဲကာ Donghyuckတို့ဝိုင်းဆီ ခေါ်လာခဲ့လိုက်သည် ။
" ဝါး Jeno is so handsome "
Daephyoeရဲ့ချီးကျူးစကားအား ကျွန်တော်ပြုံးကာ ဝင်ထိုင်လိုက်သည် ။
" ဘာသောက်မှာလဲ Jeno "
" ဒီလာမှတော့ ငါကကော်ဖီသောက်ရမှာလား "
" မင်းကဟိုမှာနေလာတာဆိုတော့ ငါမှာတာက ပျော့နေမှာစိုးလို့ "
" ရတယ် စိတ်ကြိုက်မှာလိုက် ၊ Renjun မင်းဘာသောက်မှာလဲ "
" ကော့တေးပဲသောက်မယ် Jeno "
" Donghyuck "
ကျွန်တော်လှမ်းခေါ်တော့ Donghyuckလှည့်ကြည့်လာသည် ။
BẠN ĐANG ĐỌC
M̺͆I̺͆S̺͆T̺͆A̺͆K̺͆E̺͆ ❌[Unicode × Zawgyi]
Truyện Ngắnငါမင်းကိုဘယ်တုန်းကမှ မမုန်းခဲ့ဘူး မင်းကသာ... [ ငါမင်းကိုဘယ်တုန်းကမှ မမုန်းခဲ့ဘူး မင်းကသာ... ] J̺͆e̺͆n̺͆o̺͆ × J̺͆a̺͆e̺͆m̺͆i̺͆n̺͆ ȓ̈ȇ̈n̑̈j̑̈ȗ̈n̑̈ × j̑̈ȋ̈s̑̈ȗ̈n̑̈g̑̈