Unicode
" Huang Renjun "
Renjunပခုံးအားဆွဲလှုပ်ကာ အော်လိုက်သည့် Jenoအသံက ကားထဲမှာ ဟိန်းထွက်လို့သွားသည် ။
" မင်းဘာဖြစ်နေတာလဲ Jeno ။ သွားစရာရှိတာကိုပဲ ဆက်သွားစမ်းပါ "
" မင်းငါ့ကိုစကားလမ်းကြောင်းလွှဲမပစ်နဲ့ ။ မင်းပါးစပ်က အဖြေကိုမသိရမချင်း ငါဒီနေရာကနေတစ်လှမ်းတောင်မရွေ့ဘူး "
" Jeno ။ Jaeminကျောင်းကိစ္စနောက်ကျလိမ့်မယ်လေ "
" ငါမေးတာကိုပဲဖြေ Huang Renjun "
Renjunက ကျွန်တော့်ကိုအားနာသလို တစ်ချက်ကြည့်ပြီး စိတ်ပျက်လက်ပျက်နှင့် ကားမှန်ဘက်ကိုသာ မျက်နှာလွှဲသွားသည် ။
" မင်းအဲ့လိုလုပ်နေရင် ပိုကြာသွားလိမ့်မယ်နော် Renjun "
" ငါမင်းကိုဘာပြောရမှာလဲ Jeno "
" မင်းကအဲ့လိုကြေးပေါ့ ရတယ်လေ "
ကားပေါ်မှရုတ်ချည်းဆင်းကာ နောက်ခန်းတံခါးကို Jenoဆွဲဖွင့်လိုက်တာမို့ ကျွန်တော်မော့ကြည့်လိုက်သည် ။
" ဆင်း Jaemin "
" ဟမ် "
" အောက်ကိုဆင်း "
Jenoစကားအတိုင်းပင် အောက်ကိုဆင်းလိုက်တော့ ကျွန်တော့်လက်ကိုဆုတ်ကိုင်ကာ ဟင့်အင်း မဟုတ်ဘူး တင်းနေအောင် ညှစ်ထားတာ ။
သူ့ဒေါသတွေကို ကျွန်တော့်လက်ပေါ်ပုံချထားတာ ။
" Jeno "
ကျွန်တော့်ခေါ်သံကိုပြန်မဖြေပဲ Taxiတစ်စီးကို လှမ်းတားလို့နေသည် ။
ထိုးဆိုက်လာသည့် Taxiရဲ့တံခါးအားဆွဲဖွင့်ကာ အထဲသို့ဝင်စေပြီး တံခါးကိုပိတ်လိုက်သည့် Jeno ။
အဲ့ဒါက ကျွန်တော့်ချစ်သူတဲ့လား ။
" Sorryကွာ ။ မင်းဘာသာမင်းပဲ ကျောင်းသွားအပ်လိုက်တော့ ကိုယ်ညကျမှလာခဲ့တော့မယ် "
Sorry!
တစ်ခွန်းတည်းနဲ့ ဖြတ်ကန်ခံလိုက်ရသလို နာကျင်စေတဲ့စကားပဲ ။
Huang Renjunနဲ့စကားပြောဖို့ ကျွန်တော့်ကိုပ,ထုတ်လိုက်တာလား ။
ESTÁS LEYENDO
M̺͆I̺͆S̺͆T̺͆A̺͆K̺͆E̺͆ ❌[Unicode × Zawgyi]
Historia Cortaငါမင်းကိုဘယ်တုန်းကမှ မမုန်းခဲ့ဘူး မင်းကသာ... [ ငါမင်းကိုဘယ်တုန်းကမှ မမုန်းခဲ့ဘူး မင်းကသာ... ] J̺͆e̺͆n̺͆o̺͆ × J̺͆a̺͆e̺͆m̺͆i̺͆n̺͆ ȓ̈ȇ̈n̑̈j̑̈ȗ̈n̑̈ × j̑̈ȋ̈s̑̈ȗ̈n̑̈g̑̈