Unicode
" အဆင်ပြေနေတယ်ပေါ့ Jaemin "
Daegu Hyungအမေးအား ခေါင်းသာခါပြဖြစ်သည် ။
" မပြေဘူး Hyung "
" ဘာလို့လဲ "
" Jenoစိတ်တွေက အကုန်လုံးကျွန်တော့်ဆီမှာ မဟုတ်ဘူး "
" Jaemin ငါမေးမှာကို မင်းအမှန်အတိုင်းဖြေမလား "
" အင်း "
" မင်းဒီလိုတွေလုပ်နေတာ Lee Jenoကို မုန်းလို့လား ဒါမှမဟုတ် မင်းမဟုတ်တဲ့အခြားတစ်ယောက် သူ့အနားမှာရှိနေတာကို မကြိုက်လို့လား "
" မသိဘူး Hyung ။ ကျွန်တော် သူ့ဆီက ရသင့်ရထိုက်တာတော့ ပြန်ယူရမှာပဲ "
" လွယ်ပါတယ် Jaemin "
" ဘာကလွယ်ကူနေတာလဲ Hyung "
" Lee Jenoကို လက်ထပ်လိုက် မဖြစ်ဖြစ်တဲ့နည်းနဲ့ ။ မင်းပိုင်သွားရင် သူဘာမှမတက်နိုင်တော့ဘူးလေ "
Daegu Hyungစကားကြောင့် ကျွန်တော်တွေဝေလို့သွားသည် ။
အဲ့လိုလုပ်သင့်တာလား ။
ဖယောင်းတိုင်မီးခွက်လေးတွေအား မီးညှိရင်း အတွေးတွေနယ်ချဲ့ဖြစ်သည် ။
တကယ်တော့ ကျွန်တော့်မှာရည်ရွယ်ချက်တွေ တစ်ပုံတစ်ပင်ကြီး ။
မပြည့်စုံခဲ့တဲ့ ကျွန်တော့်ဘဝရဲ့ကွက်လပ်ကို ဖြည့်ပေးနိုင်တာ Jenoတစ်ယောက်ပဲရှိသလို ကျွန်တော့်ရင်ထဲက အစိုင်အခဲကို ဖြေဖျောက်ပေးနိုင်တာလဲ Jenoပဲရှိသည် ။
ဟိုးငယ်ငယ်က Jenoက ကျွန်တော့်အမြဲအနိုင်လိုခဲ့တာ ။
ကျွန်တော်ဖြစ်ချင်တဲ့ ဆရာဝန်ဆိုတဲ့ဘဝကို ဆုံးရှုံးခဲ့ရတဲ့အထိ Jenoရဲ့ရိုက်ခတ်မှုက ကျွန်တော့်ဘဝကို လှိုင်းထစေခဲ့တာ ။
ကျွန်တော်လိုချင်တယ် ။
Lee Jenoကျွန်တော့်လက်ခုတ်ထဲက ရေဖြစ်နေတာမျိုး ။
ကျွန်တော်သေဆိုသေပေးတာမျိုး ။
ဘယ်လိုလုပ်မှအဲ့ဒါက ဖြစ်လာမှာလဲ ။
" Jaemin မင်းငါ့ကိုခေါ်တာဘာလဲ "
မှုန်ကုတ်နေတဲ့ Jenoမျက်နှာက ဘာကိုလိုချင်နေမှန်း ကျွန်တော်သိတယ် ။
YOU ARE READING
M̺͆I̺͆S̺͆T̺͆A̺͆K̺͆E̺͆ ❌[Unicode × Zawgyi]
Short Storyငါမင်းကိုဘယ်တုန်းကမှ မမုန်းခဲ့ဘူး မင်းကသာ... [ ငါမင်းကိုဘယ်တုန်းကမှ မမုန်းခဲ့ဘူး မင်းကသာ... ] J̺͆e̺͆n̺͆o̺͆ × J̺͆a̺͆e̺͆m̺͆i̺͆n̺͆ ȓ̈ȇ̈n̑̈j̑̈ȗ̈n̑̈ × j̑̈ȋ̈s̑̈ȗ̈n̑̈g̑̈