Unicode✵
"အချိန်တွေဘယ်လောက်ထိပဲကြာမြင့်သွားပါစေ Phi နဲ့အတူရှိချင်တဲ့စိတ်တွေက အရင်လို မပြောင်းလဲသေးဘူးထင်ပါတယ် ကိုယ့်ကိုကိုယ်ညာမနေဘဲ တစ်ခါလောက်တော့ စားသောက်ဆိုင်တစ်ခုမှာ Phi နဲ့အတူစားခွင့်ရချင်ပါသေးတယ် "
" Phi ညနေကျနော်လိုက်ဖို့ သဘောတူပါတယ် "
" အင်း ညနေဒီမှာပဲ စောင့်နေနော် ဒါဆို ငါသွားတော့မယ် "
" ဟို ...."
" အင်း ဘာပြောမလို့လဲ "
" အလုပ်တွေ အဆင်ပြေပြီး ကောင်းမွန်တဲ့နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ပါစေ Phi "
" ......"
ငါမလိုအပ်ဘဲ သွားပြောမိတယ်ထင်ပါတယ် )"
" မင်းရောပဲ "
'မင်းရောပဲ' လို့ ပြောပြီး ကားကိုအရှိန်တင်ကာ ထွက်ပြေးသွားတဲ့ Phi ကို ရယ်ချင်သလိုလို ဖြစ်လာမိတာ အမှန်ပင် ...."
တခါတလေ ကျနော်မမြင်နိုင်တဲ့ ဘက်မှာ Phi ရဲ့ ချစ်ဖို့ကောင်းတဲ့ အပြုအမူလေးတွေရှိနေတတ်တာဘဲ ......။" ငါ ဘာလို့ အဲ့လိုပြောလိုက်တာလဲ "
မင်းနဲ့ရင်ခုန်စရာကောင်းတဲ့အခိုက်အတန့်လေးတွေကို ကိုယ်တောင်သတိမထားမိဘဲ ဖန်တီးနေမိတာလား ဘာလို့စိတ်ထဲမှာ သိမ်းမထားမိတာလဲ မင်းတစ်မျိုးမထင်သွားလောက်ပါဘူးနော် ဒါကဘာမှမထူးဆန်းဘူးလေ ဟုတ်တယ် ခေါင်းထဲမထားတော့ဘူး ......"
" Min မင်းနေမကောင်းဘူးလား "
" ကောင်းပါတယ် မင်းရော တော်တော်မှပျော်ရဲ့လား "
" အင်း မနေ့က တော်တော်လေး ပျော်ပါတယ် "
" ငါမနေ့က ကိစ္စကိုပြောနေတာမဟုတ်ဘူး အခုမင်းနဲ့ Phi'Mew အဆင်ပြေနေကြတယ်မဟုတ်လား "
" အဆင်ပြေတယ်လို့လဲ မခေါ်သေးပါဘူးကွာ "
" ငါမြင်လိုက်ပါတယ် မင်းနဲ့ စကားပြောနေတာကို "
" အင်း အဲ့ဒါနဲ့ဘဲ အဆင်ပြေသွားရောလား"
" ထားပါတော့ ငါ့ကိုခွင့်ပြုအုန်း ဒီနေ့အတန်းမတက်ချင်လို့ ငါ့အတွက်စာကူးပေးထားမယ် မဟုတ်လား "
YOU ARE READING
𝑩𝒆𝒄𝒂𝒖𝒔𝒆 𝒐𝒇 𝒀𝒐𝒖
Romance""ဘဝမှာ မထင်မှတ်ထားတာတွေလည်းဖြစ်နိုင်တယ်မဟုတ်လား မုန်းတီးနေမယ့်အစား မင်းက ကိုယ့်ကို ချစ်တတ်လာအောင်သင်ပေးခဲ့တဲ့ တစ်ယောက်ထဲသောသူဘဲ မင်းရဲ့ဖြူစင်တဲ့စိတ်ထားလေးတွေကြောင့် ကိုယ်အနိုင်မယူချင်တော့ဘူး ဒီထက်မကပိုချစ်ပေးချင်တယ်"" #𝑴𝒆𝒘𝒈𝒖𝒍𝒇 #𝑴𝒆𝒘𝒔𝒖�...