Unicode ✵
"၇ နှစ်ကြာပြီးနောက် .... "
အခုဆို ကျနော်တို့မတွေ့ဖြစ်ကြတာ ၇နှစ်တောင်ကြာခဲ့ပြီ ဖောမရှိတော့တဲ့နောက်ပိုင်း နေသားကျအောင် ကျနော် အများကြီး ကြိုးစားခဲ့ရတယ် Phi ရော စာတွေလေ့လာရတာ အဆင်ပြေလား အဆင်ပြေမှာပါ ဘာလို့လဲဆိုတော့ Phi က
အမြဲတမ်း အတော်ဆုံးဖြစ်နေခဲ့တာလေ
Phi ထွက်သွားတဲ့နေ့က လက်စွပ်လေးတစ်ကွင်းနဲ့ စာလေးတစ်စောင် ထားခဲ့တာကလွဲရင် ၇နှစ်အတွင်းဘာအကြောင်းမှ မကြားခဲ့ဘူး Phi အဆင်မှပြေရဲ့လား ......" Gulf "
" အေး ပြောလေ "
" ဒီည ငါ့အိမ်လာအိပ်ပါလား "
" ငါက ဘာလို့အိပ်ရမှာလဲ "
" ဟ အကျယ်ကြီး မအော်နဲ့လေ ဒါကျောင်းမှာနော် "
" Party ရှိတယ်ကွ ဒီနေ့ ငါ့အမေနဲ့ အဖေ အိမ်မှာ မရှိကြဘူး "
" မအိပ်ချင်ဘူး အရင်ကလို အိမ်မှာ ဘယ်သူမှရှိတော့တာမဟုတ်ဘူးလေကွာ "
" အေးပါ ဆောတီးကွာ ဒါမှမဟုတ် ငါမင်းနဲ့ လာအိပ်ပေးရမလား "
" ရပါတယ် မင်းဘာသာအေးဆေး ပျော်လိုက်အုန်း "
" gulf မင်းကလဲကွာ ငါမင်းမရှိရင် ဘာမှလုပ်ချင်တာ မဟုတ်ဘူးလေ Party လဲ လုပ်မနေတော့ဘူး "
" မင်းအသက်ကြီးကိုလဲ ကြည့်အုန်း သေခါနီးပြီ လာချွဲမနေနဲ့ "
" မင်းအဲ့လို ရက်စက်တော့မှာပေါ့ဟုတ်လား
အေးပါ သူငယ်ချင်းလေး တစ်ယောက်ရှိလို့ဘဲ ငါဘာဘဲအကူအညီတောင်းတောင်း ငြင်းဆန်နေတာ ဆိုးလိုက်တဲ့ဘဝကြီးပါလားကွာ "" ကြားမကောင်းဘူး မင်းပါးစပ်ကို အခုပိတ်လိုက် ငါမင်းအိမ်ကို ညနေတခါထဲ လိုက်ခဲ့မယ် ငါဗိုက်ဆာရင် မင်းတာဝန်ယူ ဒါဘဲ "
" ဒါဘဲလေ အမြဲတမ်း မင်းမရက်စက်နိုင်ပါဘူး "
" မင်းက ငါ့အကြောင်းသိနေတာကိုး "
" ငါက သာသိတာ Phi'Mew သာဆိုရင် ..."
" ဆက်ပြောလေ "
" ဘာမှမဟုတ်တော့ပါဘူးကွာ "
" Phi သာဆိုရင် ငါ့ကိုနားမလည်ဘူးလို့ မင်းပြောချင်တာမှတ်လား အေးလေ မင်းပြောလဲပြောချင်စရာဘဲ သူကကြီးဘဲ နားမလည်တာတော့ မဟုတ်ဘူး ငါလဲဆိုးတာပါတယ် "
YOU ARE READING
𝑩𝒆𝒄𝒂𝒖𝒔𝒆 𝒐𝒇 𝒀𝒐𝒖
Romance""ဘဝမှာ မထင်မှတ်ထားတာတွေလည်းဖြစ်နိုင်တယ်မဟုတ်လား မုန်းတီးနေမယ့်အစား မင်းက ကိုယ့်ကို ချစ်တတ်လာအောင်သင်ပေးခဲ့တဲ့ တစ်ယောက်ထဲသောသူဘဲ မင်းရဲ့ဖြူစင်တဲ့စိတ်ထားလေးတွေကြောင့် ကိုယ်အနိုင်မယူချင်တော့ဘူး ဒီထက်မကပိုချစ်ပေးချင်တယ်"" #𝑴𝒆𝒘𝒈𝒖𝒍𝒇 #𝑴𝒆𝒘𝒔𝒖�...