𝑩𝒆𝒄𝒂𝒖𝒔𝒆 𝒐𝒇 𝒀𝒐𝒖 -9✵

1.1K 121 28
                                    

Unicode✵

" သဘောကျတဲ့သူ ရှိလား "

" ငါကဘယ်သူ့သွားသဘောကျရမလဲ "

" ငါလေ ငါတစ်ယောက်လုံးရှိတာကို "

" မင်းကိုငါက သဘောကျစရာလား"

"gulf ငါမင်းကို နမ်းလို့ရမလား "

" ငါမင်းကိုသဘောမကျပါဘူးဆိုနေ လာနောက်နေတာလား "

" ငါ့ကိုခွင့်ပြုတယ်မှတ်လား "

" ခွင့်မပြုဘူး Min မင်းရှေ့တိုးမလာနဲ့ ငါတခုခုလုပ်ပစ်မှာ"

" အား သေပါပြီ "

မနက်စောစောစီးစီးကွာ ကုတင်ပေါ်က ပြုတ်ကျရတယ်လို့ ~~~
အိပ်မက်ထဲမှာလဲ Min က ငါ့ကိုနမ်းဖို့ကြိုးစားနေတာ ဘာတွေလဲကွာ ယောကျ်ားအချင်းချင်းကြီးကို ငါဘာလို့အဲ့လိုတွေမက်ရတာလဲ ~

" အိပ်မက်ကလုံးဝမကောင်းဘူး အဲ့လိုသာအပြင်မှာတကယ်ဖြစ်ခဲ့ရင် ငါဘယ်လိုလုပ်မလဲ အာ မတွေးတာဘဲကောင်းတယ် "

[Min ထွက်လာတော့ ငါအဆင်သင့်ဖြစ်ပြီ ]

[ ငါရောက်နေပြီ မင်းအိမ်ရှေ့မှာ ]

[ ဘာ အိမ်ရှေ့မှာမစောင့်ပါနဲ့ဆိုနေ ]

[ စတာပါကွာ ငါလမ်းထိပ်မှာ မင်းမြန်မြန်ထွက်လာခဲ့တော့ ]

[ အေးအခုလာပြီ ]

" Phi ကျနော် ကျောင်းသွားလိုက်အုန်းမယ်ဗျ "

" ........"

" Phi ကျနော်ပြောတာကြားရဲ့လား "

" မင်းအဲ့တာတွေက အစ ငါ့ကိုလျှောက်တင်နေဖို့မလိုဘူး "

" ဒါပေမယ့် Phi ရဲ့စည်းကမ်းချက်တွေထဲမှာ ကျနော်ဘယ်သွားသွား Phi ကိုပြောရမယ်လို့ရေးထားတယ်လေ "

" အဲ့တာက ဟာ ရှုပ်ကုန်ပြီ ငါမအားဘူး မင်းကိုစကားပြောရတာ ငါ့အချိန်တွေကုန်တယ် "

" ကောင်းသောနေ့လေးဖြစ်ပါစေ Phi "

" ......."

ဒီပုံစံနဲ့ဘဲ Phi နဲ့ ကျနော့်ရဲ့ဆက်ဆံရေးက
ဆက်သွားတော့မှာလား တစ်ခါတလေ Phi နည်းနည်းလေးစကားပြန်ပြောရင်တောင် ပျော်တယ် တစ်ခါတလေကျတော့လည်း ပြန်မပြောပါစေနဲ့လို့ ဆုတောင်းမိတယ် ဘာလို့လဲဆိုရင် Phi ရဲ့စကားတွေထဲမှာ အကောင်းပြောတာ တစ်ခွန်းတောင်မပါဘူးလေ အမြဲတမ်းခက်ထန်နေတဲ့ Phi ရဲ့အပြောတွေကို မခံယူချင်တော့ဘူး .......

𝑩𝒆𝒄𝒂𝒖𝒔𝒆 𝒐𝒇 𝒀𝒐𝒖Where stories live. Discover now