𝑩𝒆𝒄𝒂𝒖𝒔𝒆 𝒐𝒇 𝒀𝒐𝒖 -13✵

1K 114 16
                                    

Unicode ✵

"အဲ့နေ့ညက ကျနော်ဆုံးဖြတ်ချက် တစ်ခုကို ခိုင်ခိုင်မာမာချခဲ့တယ် ....."

"မင်းကတိပေးနိုင်မလား "

" ကျနော်ကတိပေးပါတယ် Phi "

" အင်း မင်းသွားအိပ်လို့ရပြီ နောက်တစ်ခါ ထွက်သွားမယ်ဆ််ိုတဲ့ စကားကို ထပ်မပြောပါနဲ့ "

" ကျနော်မပြောတော့ပါဘူး Phi ကို ကတိပေးတယ်"

" အင်း လိမ္မာတယ်"

ကိုယ်စိတ်မထိန်းနိုင်ဘဲ မင်းရဲ့ခေါင်လေးကို ပွတ်ပေးမိတယ် မင်းရဲ့ဆံပင်လေးတွေက အရင်လို နူးညံ့နေတုန်းဘဲ ......
ကိုယ်သဘောကျတဲ့အခါတိုင်း ဒီလိုလေးကိုင်ခွင့်ရဖို့ အချိန်တွေထပ်ယူရအုန်းမယ်ထင်တယ် ....]

Phi ရဲ့အပြုံးတွေကို နောက်တစ်ကြိမ်ပြန်မြင်ခွင့်ရခဲ့တယ် Phiအများကြီးပြုံးလိုက်တဲ့အခါတိုင်း ကျနော်အကြိမ်ကြိမ်သဘောကျခဲ့တာပါ ဒီနေ့လဲ Phi ပြုံးတယ် နောက်နေ့တွေလဲ Phi ကို အများကြီးပြုံးစေချင်သေးတယ် Phi ပျော်နေတာကို သဘောကျတယ် ....."

ပုံမှန်နေ့တွေထက် ထူးခြားနေတဲ့ ကျနော်တို့နှစ်ယောက်ရဲ့ ညလေးကို မကုန်ဆုံးချင်သေးတာ အမှန်ပါ မနက်ဖြန်တိုင်းက ဘာဖြစ်လာမယ်ဆိုတာ ကြိုတင်ခန့်မှန်းလို့မရနိုင်တာကြောင့် ဒီအခြေအနေလေးကိုသာ ရပ်တန့်လို့ရခဲ့မယ်ဆိုရင် ခဏလောက်ရပ်တန့်ထားချင်မိတယ် .....။

" မင်းဒီနေ့ အရမ်းပျော်နေသလိုဘဲ"

" Min လူတစ်ယောက်က မင်းကို လိမ္မာတယ်လို့ ပြောရင် မင်းကြိုက်လား "

" ဒါပေါ့ ဘယ်သူမဆို လိမ္မာတယ်လို့ပြောရင် သဘောကျတာဘဲ ဒါနဲ့ဘာလို့အဲ့တာကိုမေးတာလဲ "

" အဲ့တာဆိုရင် ဒါက လူတိုင်းသဘောကျတာဆိုတော့ သာမန်ဘဲလား "

" အေးလေ သာမန်ဘဲပေါ့ ဒါပေမယ့် မင်းရဲ့ထူးခြားတဲ့သူက ပြောရင်တော့ အဲ့တာထက်ပိုတယ် ဥပမာ ငါပေါ့ "

" ငါက အတည်မှတ်နေတာ တော်ပြီတော်ပြီမင်းကပေါက်ကရတွေကြီးဖြေနေတာဘဲ "

" ငါတကယ်ပြောနေတာလေ "

" ငါ့လက်သီးယူချင်လို့ တကယ်ပြောတာလား "

𝑩𝒆𝒄𝒂𝒖𝒔𝒆 𝒐𝒇 𝒀𝒐𝒖Where stories live. Discover now