Unicode✵
" ကိုယ့်ရင်ထဲကဒဏ်ရာတွေကြောင့် မင်းကိုထိခိုက်စေမယ့် အရာမျိုးတွေ ထပ်မလုပ်တော့ပါဘူးလို့ကိုယ်ကတိပေးပါတယ် nong ....."
" gulf မင်းဘယ်သွားတာလဲ ကြာလိုက်တာကွာ ငါဒီမှာမင်းကိုစောင့်နေတာ "
" ငါအခုရောက်လာပြီလေ "
" အေးပါထားလိုက်တော့ စကြတော့မလား"
" အေး စတော့လေ "
မွေးနေ့ဆိုတာ အသက်တစ်နှစ်ပိုကြီးသွားတာပါဘဲ မင်းသာငါ့အနားမှာရှိမနေရင် ဒါက ငါ့အတွက် ဘာမှထူးခြားမှာမဟုတ်ဘူး တစ်နေ့ မင်းက တစ်ခြားတစ်ယောက်ကို ချစ်မိသွားရင် ငါဘယ်လောက်ထိခံစားရမယ်ဆိုတာ မတွေးရဲဘူးကွာ ငါမင်းကိုအဆုံးရှုံးမခံနိုင်လို့ တစ်လောကလုံးကို လှစ်လျှူရှုရမယ်ဆိုရင်တောင် ငါလုပ်မှာပါ ငါ့နှလုံးသားကအမြဲတောင်းတနေတဲ့ ဆန္ဒလေးတစ်ခုရှိတယ် အဲ့တာက မင်းနဲ့တစ်သက်လုံးအတူရှိနေချင်တာပါ ငါသာဆုတောင်းပြည့်ခဲ့မယ်ဆိုရင် ကြိုမတွေးရဲတဲ့ အနာဂတ်တစ်ခုမှာ မင်းနဲ့ထာဝရအတူရှိသွားချင်တယ် .......။
" Min ဒါက မင်းမွေးနေ့လေကွ ချစမ်းပါ မင်းအသက်လဲ ပြည့်နေပြီ လာဘာမှကြောက်မနေနဲ့ "
" ငါမသောက်တော့ဘူး မင်းတို့ဘာသာသောက်စမ်းပါကွာ "
" ဘာလဲမင်းငါတို့ကိုမခင်ဘူးလား "
" အဲ့လိုမဟုတ်ပါဘူးကွာ ငါကိစ္စလေးရှိလို့ပါ "
" ငါတို့ မင်းသူငယ်ချင်းအရင်းကြီးတွေနော် ဒါလေးတောင်မလုပ်ပေးနိုင်ဘူးလား "
" အေး ငါသောက်မယ်ကွာ ဒါပေမယ့် တစ်ခွက်ဆိုတော်ပြီ "
" ရတယ်ရတယ် ရော့ ထည့်ကွာ ပျော်ပျော်ပါးပါးသောက်ကြတာတာပေါ့ "
" Min မင်းအဆင်ပြေလို့လား မသောက်ချင်လဲမသောက်နဲ့လေကွာ "
" ရတယ် တစ်ခွက်လောက်နဲ့တော့ ငါဘာမှမဖြစ်ပါဘူး "
" အဲ့တာဆို ငါ Toilet ခဏသွားလိုက်အုန်းမယ် မင်းအများကြီးလဲသောက်မနေနဲ့"
" အေးပါ မင်းမြန်မြန်သွား "
" gulf "
" ငါလိုက်ခဲ့ရမလား "
YOU ARE READING
𝑩𝒆𝒄𝒂𝒖𝒔𝒆 𝒐𝒇 𝒀𝒐𝒖
Romance""ဘဝမှာ မထင်မှတ်ထားတာတွေလည်းဖြစ်နိုင်တယ်မဟုတ်လား မုန်းတီးနေမယ့်အစား မင်းက ကိုယ့်ကို ချစ်တတ်လာအောင်သင်ပေးခဲ့တဲ့ တစ်ယောက်ထဲသောသူဘဲ မင်းရဲ့ဖြူစင်တဲ့စိတ်ထားလေးတွေကြောင့် ကိုယ်အနိုင်မယူချင်တော့ဘူး ဒီထက်မကပိုချစ်ပေးချင်တယ်"" #𝑴𝒆𝒘𝒈𝒖𝒍𝒇 #𝑴𝒆𝒘𝒔𝒖�...