𝑩𝒆𝒄𝒂𝒖𝒔𝒆 𝒐𝒇 𝒀𝒐𝒖 -6✵

1.1K 115 10
                                    

Unicode ✵

"တစ်စုံတစ်ယောက်ကြောင့် ကျနော့်ရဲ့ မနက်ခင်းလေးက ပိုပြီးအသက်ဝင်လာခဲ့တယ် ...... "

" မင်းနိုးလာတဲ့ အချိန် Phi မင်းကိုဘယ်လိုရင်ဆိုင်ရမှာလဲ Phi အတွက် စဥ်းစားဖို့ အချိန်တွေအများကြီး လိုအပ်နေသေးတယ် "

"အိပ်လို့ကောင်းနေရောဘဲ မထချင်သေးဘူးကွာ ကျောင်းကတစ်မျိုး ဒါပေမယ့်
အခုချိန်ဆို Phi လဲ န်ိုးနေလောက်ပြီ "

" Phi'Mew နိုးပြီလားဗျ
ဟင် Phi အခန်းထဲမှာလဲမရှိဘူး ဘယ်သွားတာလဲ "

Phi ငါ့ကိုများ စကားမပြောချင်လို့ရှောင်နေတာများလား မဟုတ်လောက်ပါဘူး လျှောက်မတွေးတော့ဘဲကောင်းတယ် စိတ်ရှုပ်မခံနိုင်ဘူး.....

" gulf မင်း မှိုင်နေတာ ခုနထဲက
ဘာတွေ အဆင်မပြေလို့လဲ "

" ဘာမှမဟုတ်ပါဘူးကွာ ငါစိတ်ရှုပ်နေလို့ "

" မင်းနဲ့ငါက ငယ်ငယ်လေးထဲက ပေါင်းလာတာလေ မင်းတစ်ခုခုဖြစ်နေရင် ငါမသိဘဲနေမလား "

" ငါမင်းကိုပြောပြလိုက်ရင်ရော ဘာများထူးခြားသွားမှာလဲ "

" ထူးခြားတာပေါ့ မင်းတစ်ယောက်ထဲခံစားနေမယ့်အစား ငါမင်းနဲ့အတူမျှဝေလို့ရတယ်လေ "

" မင်းက ဆရာကြီးလား "

" မင်းငါ့ကို လာမနောက်နဲ့ ဆရာကြီးဆိုရင်တောင် မင်းရဲ့ဆရာကြီးဘဲအဖြစ်ခံမယ်"

" ငါ့ဆရာတော့ မင်းကိုအဖြစ်မခံပါဘူး ငါ့တပည့်လောက်တော့ ရတယ် "

" တော်တော့ ငါ့ကိုပြောမှာသာပြောစမ်းပါ "

"Phi ပြန်ရောက်နေပြီ "

" ဘယ်လို Phi'Mew လား "

" အေး Phi အရမ်းပြောင်းလဲသွားသလိုဘဲကွာ ငါ့ကို အေးတိအေးစက်ကြီး ဆက်ဆံနေလို့ ငါစိတ်ညစ်နေတာ "

" သူ ပင်ပန်းလာလို့နေမှာပေါ့ကွာ အဲ့လောက်တော့နားလည်လေ အရူးလေးရဲ့ "

" ငါနားလည်တယ် ဒါပေမယ့် မနက်ကျတော့လဲ ငါ့ကိုမပြောမဆိုနဲ့ထားခဲ့သေးတယ် "

" ကဲကဲ မင်းစိတ်မဆိုးနဲ့တော့ ငါမင်းကြိုက်တဲ့ရေခဲမုန့်ဝယ်ကျွေးမယ်လေ "

𝑩𝒆𝒄𝒂𝒖𝒔𝒆 𝒐𝒇 𝒀𝒐𝒖Where stories live. Discover now