𝑩𝒆𝒄𝒂𝒖𝒔𝒆 𝒐𝒇 𝒀𝒐𝒖 -10✵

1.1K 116 12
                                    

Unicode✵

"ဘယ်လ်ိုလဲ မင်းတော်တော်မှပျော်ရဲ့လား"

" ဘာကိုလဲ Phi "

" မင်းသူငယ်ချင်းနဲ့အတူရှိနေရတာကိုလေ"

"ပျော်ပါတယ် သူကကျနော့်ရဲ့အကောင်းဆုံးသူငယ်ချင်းပါဗျ "

" ညနေကျရင် စားဖို့ ဘာမှမရှိဘူး ငါတခုခုသွားဝယ်လိုက်အုန်းမယ် အဲ့တာ မင်းဘာစားချင်လဲ ဘာမှာလိုက်အုန်းမလဲ "

" ဘာမှမမှာတော့ဘူး Phi "

" ဒါဆို တံခါးသေချာပိတ်ထား ဘယ်သူလာလာ ငါမလာမချင်းတံခါးမဖွင့်ပေးနဲ့
ကုန်ကုန်ပြောရရင် ခုနကမင်းသူငယ်ချင်းပြန်ရောက်လာရင်တောင် မဖွင့်ပေးရဘူး "

" ဟုတ်ကဲ့ Phi "

အခုလိုလေး ​ပြောစကားနားထောင်တဲ့အချိန်တွေဆို မင်းက အရမ်းချစ်ဖို့ကောင်းတယ်.....။

" ဘာဝယ်ရင်ကောင်းမလဲ ညနေလဲဆန်ပြုတ်ဆိုရင် ငြီးငွေ့နေမှာဘဲ"

စျေးဝယ်ပြီးပြန်မယ်အလုပ် လူတွေစုအုံနေတဲ့နေရာမှာ ပန်ဒါအရုပ်လေးတွေ ရောင်းနေတာကို တွေ့လိုက်ပြီး ဘာရယ်မဟုတ်ဘူး ကျနော်အဲ့နေရာကို မဖိတ်ခေါ်ဘဲ ရောက်သွားခဲ့တယ် ..... ။

" ဒီ အရုပ်လေးတွေက အရမ်းကို ထူးခြားပါတယ်ဗျ ကိုယ်ချစ်တဲ့သူတွေကို လက်ဆောင်ပေးလိုက်မယ်ဆိုရင် ရတဲ့သူက အရမ်းကိုပျော်သွားမှာ သေချာပါတယ် အဲ့တာကြောင့်ကိုယ်ချစ်တဲ့ဘယ်သူမဆို ဒါလေးတွေလက်ဆောင်ပေးပြီး ပျော်သွားအောင်လုပ်ပေးသင့်တယ်နော် အားပေးကြပါအုန်းဗျာ "

အဲ့လိုတွေ အယုံအကြည်မရှိပေမယ့် ကိုယ်မင်းကို ပျော်စေချင်တယ်......။

ဝယ်ရမလားမဝယ်ရဘူးလားဆိုတာ မသိတော့ဘူး ငါစဥ်းစားနေတာတော်တော်ကြာနေပြီ ဟူး ....]

"တစ်ရုပ်ဘဲ ကျန်တော့တယ် ဒါလေးက ပိုပြီးထူးခြားတယ်ဗျ တစ်ခြားအရုပ်လေးတွေဆ်ို ပန်ဒါလေးတွေပိုက်ထားတာ
အသဲလေးတွေ ဖြစ်နေပေမယ့် ဒီအရုပ်လေးကတော့ ဘောလုံးလေးကိုပိုက်ထားတာဗျ အရမ်းချစ်ဖို့ကောင်းတယ် "

ကျနော်စဥ်းစားနေတာရင်း တစ်ရုပ်သာကျန်တော့တယ်လို့ပြောလိုက်တဲ့အချ်ိန်မှာ အဲ့တာလေးကိုတော့မဖြစ်ဖြစ်အောင်ဝယ်သွားရမယ်လို့ ဆုံးဖြတ်ခဲ့တယ် ။

𝑩𝒆𝒄𝒂𝒖𝒔𝒆 𝒐𝒇 𝒀𝒐𝒖Where stories live. Discover now