𝑩𝒆𝒄𝒂𝒖𝒔𝒆 𝒐𝒇 𝒀𝒐𝒖 -4✵

1.3K 111 10
                                    

Unicode ✵

"Mew ဒီနေ့ သူငယ်ချင်းတွေ စာလာမလုပ်ကြဘူးလား "

" ဘာဖြစ်လို့လဲ gulf "

" ဘာမှမဟုတ်တော့ဘူး  မဖြေချင်မဖြေပါနဲ့ "

" လုပ်ပြန်ပြီကွာ Phi က ဘာဖြစ်လို့လဲ တောင် မမေးရတော့ဘူးလား "

" Mew ဖြေချင်ရင် တခါထဲဖြေနေမှာပေါ့ ဘာဖြစ်လို့လဲဆိုတာ လိုမှမလိုတာ "

" ဟုတ်ပါပြီ မင်းကို Phi မနိုင်ဘူးဆိုတာ သိသိကြီးနဲ့ကို ပြန်မေးနေမိတာ Phi မှားပါတယ် "

" Mew က gulf မကြိုက်တဲ့ စကားတိုင်း နှုတ်ကထွက်နေမြဲဘဲ  မှားပါတယ် ပင်ပန်းနေပြီ တောင်းပန်ပါတယ် အဲ့တာတွေမပြောဘဲ တစ်ရက်လောက်နေကြည့်ပါလား "

" Phi က မင်းကို ပင်ပန်းစေတာလား Phi ပြောတဲ့စကားတွေကို မင်းအဲ့လောက်တောင် မကြိုက်ဘူးလား"

" Mew ဘယ်တုန်းကမှ gulf ပြောတဲ့စကားတွေကို နားမလည်ပေးဘူး ထင်ချင်ရာထင်တယ် ပြောချင်ရာပြောတယ် "

" Phi မင်းကို မတောင်းပန်တော့ဘူး ဟုတ်ပြီလား ဒီနေ့ Phi လဲ အားတယ် မင်းလဲ ကျောင်းပိတ်တယ်ဆိုတော့ အပြင်သွားကြမလား "

" တကယ်လိုက်ပို့မှာလား gulf သွားချင်တဲ့နေရာကိုလေ "

" တကယ်ပို့ပေးမှာပေါ့ ဒီနေ့ တစ်နေကုန် မင်းအတွက် Phi အချိန်တွေ အကုန်ပေးမယ် ကျေနပ်ပြီလား "

" ချောကလက် ရေခဲမုန့် ၅ခုလောက် စားပစ်ရမယ် "

" ဟော မင်းချောင်းဆိုးမှာပေါ့ အများကြီး မစားရဘူး "

"  Mew ပိုက်ဆံ ကုန်မှာကြောက်လ်ို့လား "

" ပိုက်ဆံကုန်မှာထက် မင်းနေမကောင်းဖြစ်မှာကို Phi က ပိုစိုးရိမ်တယ် "

" စတာပါ အဲ့လောက်မစားပါဘူး Mew ရဲ့"

" ဒါမှပေါ့ Phi စကားနားထောင်တဲ့ ကလေးတွေဆို သိပ်ချစ်တာဘဲ "

ခဏတာ ငြိမ်သက်သွားတော့ ကျနော် အနည်းငယ် လန့်သွားရတယ် စိတ်ဆိုးသွားလားပေါ့  စိတ်မဆိုးတဲ့ အပြင် ကျနော့်လက်ကို လာကိုင်ပြီးတော့ ကတိတခုတောင်ပေးလိုက်သေးတယ် ...

𝑩𝒆𝒄𝒂𝒖𝒔𝒆 𝒐𝒇 𝒀𝒐𝒖Where stories live. Discover now