𝑩𝒆𝒄𝒂𝒖𝒔𝒆 𝒐𝒇 𝒀𝒐𝒖 -7✵

974 87 9
                                    

Unicode ✵

"" Phi သာရှိနေရင် ဘယ်အရာကိုမှမကြေက်တော့ဘူး"" ~~~

ဒီနေ့ ကျနော် အရမ်းပျော်နေသလိုခံစားရတယ် ဘာကြောင့်ရယ်လို့ ခေါင်းစဉ်တပ်ပြစရာမရှိပေမယ့် Phi ဒီနေ့ အိမ်ကိုစောစောပြန်လာမယ်လို့ပြောသွားတာလေးက ပျော်စရာလားလို့အကြိမ်ကြိမ်တွေးတိုင်း ပျော်တယ်ဆိုတဲ့ အဓိပ္ပါယ်ဘဲ ထွက်လာတယ် .....

" Owi ဘာတွေလဲ ညစ်ပတ်လိုက်တာ ဒါပေမယ့် ငါအခု ငါ့အခန်းကိုရှင်းနေတာ ငါဘယ်တုန်းက အဲ့လောက်ညစ်ပတ်သွားတာလဲ "

[ Gulf ရေ မင်းမျက်နှာလေး မြင်ချင်လှပြီ ]

" ဘယ်သူစာပို့တာလဲကွာ ဒီမှာ အလုပ်လုပ်နေရတာကို "

[ အေး Min မင်းအားနေလား ]

[ မနက်ဖြန် မင်းကို ငါလာခေါ်ရမှာနော် စကားက်ိုကြည့်ပြောစမ်း ကောင်လေး ]

[ 🤮🤮 ]

[ ဘာဖြစ်တာလဲ နေမကောင်းဘူးလား ]

[ နောက်နေတာလေ အရူးရဲ့ emoji က ငါအပြင်မှာ ဖြစ်ပျက်နေတာ တကယ်ပြနိုင်ပါ့မလား ]

[ ငါစိတ်ပူသွားတာဘဲ ဒီတိုင်းမင်းကိုသတိရလာလို့ စာပို့လိုက်တာ ]

[ ငါမအားဘူး မင်းလိုအားယားနေတာမဟုတ်ဘူး Min ရဲ့ ]

[ ငါမင်းကို game ဆော့မလို့ လာပြောတာ ]

[အေး ညရောက်လို့ငါအချိန်ရရင် ဆော့မယ်လေ ]

[ မင်းအခုဘာလုပ်နေလို့ မအားတာလဲ ]

[ အခန်းရှင်းနေတာ ]

[ ဘယ်လိုဖြစ်တာလဲ ထူးထူးဆန်းဆန်း ]

[ မင်းအပူမပါဘူး ငါအလုပ်တွေအများကြီးလုပ်ရအုန်းမယ် ဒါဘဲ ]

[ Ok ok အလုပ်ကြိုးစားလိုက်ပါအုန်း krub ]

ဘယ်လိုတောင် ငါ့ကို အားကြီးနဲ့ ပြောလိုက်တာလဲ မင်းက တခါတလေ ငါ့အပေါ် အရမ်းအနိုင်ယူလွန်းတယ် အဲ့တာကြောင့်ဘဲ ငါမင်းကို .....

" Min မင်းအဖေကို သွားကူချေ တစ်နေကုန်ဒီဖုန်းဘဲ နှိပ်နေတာ "

" ဟာ Mae feel ပျက်သွားပြီ "

" ဒါနဲ့ အခုတလော ဟိုကလေး လာတာသိပ်မတွေ့ပါလား "

" ဘယ်ကလေးလဲ ကျနော့်မှာ ကလေးမရှိပါဘူး မိန်းမတောင်မရသေးတာ "

𝑩𝒆𝒄𝒂𝒖𝒔𝒆 𝒐𝒇 𝒀𝒐𝒖Where stories live. Discover now