Unicode ✵
~~' မိဘမဲ့ဂေဟာ '~~
" ဖော(အဖေ) သားတို့က ဘယ်သွားနေတာလဲဟင်"
" ကလေးတွေ အများကြီးရှိတဲ့နေရာကိုသွားနေတာ သား "
"ဒါဆို သားသူငယ်ချင်းအသစ်တွေ ရလာတော့မှာလား ဖော "
" ဟုတ်တာပေါ့ သားရဲ့ "
"ကားအကောင်းစားကြီး စီးပြီး ရောက်နှင့်လာပြီဖြစ်တဲ့ ကောင်လေးရဲ့ အဖေဟာ ဂုဏ်အရှိန်အဝါတွေ တင့်တယ်လွန်းလှပါသည် သဘောလဲ အလွန်ကောင်းသောကြောင့် မိဘမဲ့ဂေဟာရဲ့ တာဝန်ရှိပုဂ္ဂိုလ်တစ်ဥိီးအနေနဲ့ လေးစားမိခြင်းပင် " .......
" မင်္ဂလာပါဗျ သားလေးရော ပါလာတာလား "
"ဟုတ်ကဲ့ မတွေ့တာတောင် ကြာပြီဗျာ ကျနော့်အလုပ်လေးတွေ မအားတာနဲ့ ဒီဘက်ကို မလှည့်လာဖြစ်ဘူး ကျောင်းရဲ့ လိုအပ်တာတွေရှိလာရင် ကျနော့်ကို အချိန်မရွေးဆက်သွယ်ပါ "
" မလိုအပ်ပါဘူးဗျာ အကုန်ပြည့်စုံနေပါပြီ
ဒါနဲ့ ဒီကို ဘာကိစ္စကြောင့် ရောက်ဖြစ်တာလဲ "" ဒါက ဒီလိုဗျ သားလေးလဲ အဖော်ရအောင် ကျနော် ကလေးတစ်ယောက်မွေးစားချင်တယ်လေ "
" ရတာပေါ့ဗျာ ဒီကကလေးတွေက အရမ်းလိမ္မာတာကြောင့် သူဌေးမွေးစားတဲ့ ကလေးကလဲ စိတ်ညစ်အောင်လုပ်မှာမဟုတ်ဘူး "
" ယုံပါတယ်ဗျာ "
"ဒါဆို ဒီဘက်ကို ကြွပါ ခင်ဗျ ကျနော်လိုက်ပြပေးပါ့မယ် "
" ခဏလေး ဒီဂေဟာမှာ Mew ဆိုတဲ့ ကလေး ရှိတယ်မှတ်လားဗျ "
" mew လား သူဌေးသူ့က်ိုမွေးစားချင်တာထင်တယ် "
" သေချာတာပေါ့ ကျနော်သူ့ကို အခုတွေ့လို့ရမလား "
" ရပါတယ် ကျနော်နဲ့လိုက်ခဲ့ပါ "
" ကလေးတွေအများကြီးထဲမှာမှ mew ဆိုတဲ့ ကလေးက ဘယ်သူဖြစ်နိုင်မလဲကွယ်
ဥိီးရဲ့ သားအရင်းလေးလိုစောင့်ရှောက်ခွင့်ပေးပါ " ......." mew မင်းကို လူတစ်ယောက်ကတွေ့ချင်လို့တဲ့ "
" ဥိီးလေး ဘယ်သူက ကျနော့်ကိုတွေ့ချင်တာလဲ "
VOCÊ ESTÁ LENDO
𝑩𝒆𝒄𝒂𝒖𝒔𝒆 𝒐𝒇 𝒀𝒐𝒖
Romance""ဘဝမှာ မထင်မှတ်ထားတာတွေလည်းဖြစ်နိုင်တယ်မဟုတ်လား မုန်းတီးနေမယ့်အစား မင်းက ကိုယ့်ကို ချစ်တတ်လာအောင်သင်ပေးခဲ့တဲ့ တစ်ယောက်ထဲသောသူဘဲ မင်းရဲ့ဖြူစင်တဲ့စိတ်ထားလေးတွေကြောင့် ကိုယ်အနိုင်မယူချင်တော့ဘူး ဒီထက်မကပိုချစ်ပေးချင်တယ်"" #𝑴𝒆𝒘𝒈𝒖𝒍𝒇 #𝑴𝒆𝒘𝒔𝒖�...